ဒါကာ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အနီးရှိ Shitalakkhya မြစ်အတွင်း ဧပြီ ၄ ရက်က ခရီးသည်တင် ကူးတို့လှေတစ်စင်း တိမ်းမှောက်မှုတွင် နောက်ထပ် ရုပ်အလောင်း ၂၁ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ...
နယူးဒေလီ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဧပြီ ၅ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာ ၁၀၃,၅၅၈ ဦးထိ ရှိခဲ့ရာ ယခုအချိန်အထိ အမြင့်ဆုံး ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၂,၅၈၉,၀၆၇ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အာမန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ဝယ်ယူသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ဂျော်ဒန်နိုင်ငံမြို့တော်အာမန်သို့ ဧပြီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပြည်သူလူထု ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှု အားကောင်းလာစေရန် နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှု ဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ဧပြီ ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအမျိုးသားညီလာခံ(NA)က ဝန်ကြီးချုပ် ငုယင်စွမ်းဖု(Nguyen Xuan Phuc) အား နိုင်ငံ၏သမ္မတသစ်အဖြစ် ယနေ့ ဧပြီ ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကွမ်တုန်း-ဟောင်ကောင်-မကာအို greater bay ဒေသတွင် ကမ်းလွန်လေအား လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းအားချိတ်ဆက်တည်ဆောက်ထားပြီးဖြစ်ကြောင်းသိရသည်။ယင်း လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် လေရဟတ်ပေါင်း ၅၅ ခုဖြင့် စက်ရုံအား လည်ပတ်ကာ လျှပ်စစ်ထုတ်လုပ်ပြီး ကုန်းတွင်းသို့ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းအား China Energy Engineering Group...