Connect with us

Asia

ဗီယက်နမ်နိုင်ငံ၏ သမ္မတသစ်အဖြစ် ငုယင်စွမ်းဖုအား ရွေးချယ်တင်မြှောက်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မတ် ၂၄ ရက်က ကျင်းပပြုလုပ်သော ၁၄ ကြိမ်မြောက် အမျိုးသားညီလာခံ၏ ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အစိုးရလုပ်ငန်းအစီရင်ခံစာ တင်သွင်းနေသော ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖု အားတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း၊ဧပြီ ၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအမျိုးသားညီလာခံ(NA)က ဝန်ကြီးချုပ် ငုယင်စွမ်းဖု(Nguyen Xuan Phuc) အား နိုင်ငံ၏သမ္မတသစ်အဖြစ် ယနေ့ ဧပြီ ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ကျင်းပဆဲ ၁၄ ကြိမ်မြောက် အမျိုးသားညီလာခံ၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် ထောက်ခံအတည်ပြုမှု ၉၇.၅ ရာခိုင်နှုန်းဖြင့် ငုယင်စွမ်းဖုအား သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သမ္မတကျမ်းကျိန်လွှာတွင် စွမ်းဖုက နိုင်ငံ ၊ ပြည်သူ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အပြည့်အဝ သစ္စာစောင့်သိသွားမည်ဖြစ်ကြောင်း နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ(CPV) ၊ နိုင်ငံတော် နှင့် ပြည်သူတို့မှ ပေးအပ်သော တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံ(NA)က တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်တစ်ဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းမှာ နိုင်ငံ့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဆိုသည်။

ပြီးခဲ့သော ဧပြီ ၂ ရက် နံနက်ပိုင်းတွင် အမျိုးသားညီလာခံက စွမ်းဖုအား ဝန်ကြီးချုပ်တာဝန်မှ အနားယူရန် ခွင့်ပြုခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်သစ်တစ်ဦးကို အလျင်အမြန် အစားထိုး ရွေးချယ်တင်မြှောက်ခဲ့သည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင် ယခင်သမ္မတ Nguyen Phu Trong အား သမ္မတရာထူးမှ အနားယူရန် နောက်ထပ်ပြဌာန်းချက်တစ်ခုကို ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငုယင်စွမ်းဖု ကို ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သူသည် ၁၉၈၂ ခုနှစ်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ(CPV) သို့ ဝင်ရောက်ခဲ့သည်။ ၎င်းသည် CPV ဗဟိုကော်မတီ( CPVCC) ၏ ၁၀ ကြိမ် ၊ ၁၁ ကြိမ် ၊ ၁၂ ကြိမ် ၊ ၁၃ ကြိမ် တို့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၁ ကြိမ် ၊ ၁၂ ကြိမ် နှင့် ၁၃ ကြိမ်မြောက် CPVCC ၏ နိုင်ငံရေးပေါလစ်ဗျူရိုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ကြောင်း နှင့် ၁၁ ကြိမ် ၊ ၁၃ ကြိမ် နှင့် ၁၄ ကြိမ်မြောက် အမျိုးသားညီလာခံ(NA) တွင် ဦးဆောင်သူဖြစ်ခဲ့ကြောင်း သိရသည်။ဗီယက်နမ်နိုင်ငံ၏ ဥပဒေစည်းမျဉ်းပြဌာန်းချက်များအရ သမ္မတ နှင့် ဝန်ကြီးချုပ်တို့၏ လုပ်ငန်းတာဝန်သည် အမျိုးသားညီလာခံ(NA) နှင့် အတူတကွ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)
——————————————
(English Version)

Nguyen Xuan Phuc elected as Vietnam’s new president

According to Vietnamese legal regulations , the working tenure of the president and the prime minister is coincident with that of the NA.
Vietnamese Prime Minister Nguyen Xuan Phuc delivers a government work report at the opening session of the 11th session of the 14th National Assembly (NA) of Vietnam in Hanoi, Vietnam, March 24, 2021. (VNA via Xinhua

Nguyen Xuan Phuc elected as Vietnam’s new president
HANOI, April 5 (Xinhua) — The National Assembly (NA) of Vietnam on Monday elected Vietnamese Prime Minister Nguyen Xuan Phuc as the state president.
A resolution on electing Phuc as the new president was adopted with an approval rate of 97.5 percent at the ongoing 11th session of the 14th NA, Vietnam News Agency reported.
In his sworn-in statement, Phuc vowed to be absolutely loyal to the nation, the people and the Constitution of the Socialist Republic of Vietnam, and to work hard to fulfill the duty assigned by the Communist Party of Vietnam (CPV), the state and the people.

This is the first time in history that the NA elected an incumbent prime minister as the state president, according to Vietnam News Agency.
On Friday morning, the NA passed a resolution to relieve Phuc from the prime minister’s post, which will come into force immediately after a new prime minister is elected on Monday afternoon.

Another resolution was adopted on Friday afternoon to relieve former Vietnamese President Nguyen Phu Trong from the president’s post.
Phuc, born on July 20, 1954, joined the CPV in 1982. He was a member of the 10th, 11th, 12th and 13th CPV Central Committee (CPVCC), a member of the Politburo of the 11th, 12th and 13th CPVCC, and deputy to the 11th, 13th and 14th NA.

According to Vietnamese legal regulations, the working tenure of the president and the prime minister is coincident with that of the NA.
Vietnamese Prime Minister Nguyen Xuan Phuc delivers a government work report at the opening session of the 11th session of the 14th National Assembly (NA) of Vietnam in Hanoi, Vietnam, March 24, 2021. (VNA via Xinhua