Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ နေ့စဉ် COVID-19 ဖြစ်ပွားသူ လူနာ ဦးရေ တစ်သိန်း ကျော်ထိ မြင့်တက်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ဧပြီ ၅ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာ ၁၀၃,၅၅၈ ဦးထိ ရှိခဲ့ရာ ယခုအချိန်အထိ အမြင့်ဆုံး ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၂,၅၈၉,၀၆၇ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက် နံနက်ပိုင်းမှ စ၍ သေဆုံးသူ ၄၇၈ ဦး နှင့်အတူ သေဆုံးသူပေါင်း ၁၆၅,၁၀၁ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ဆေးရုံများ၌ ဆေးကုသမှု ခံယူပြီး ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူ ၁၁,၆၈၂,၁၃၆ ဦး ရှိလာခဲ့ပြီး နိုင်ငံ၌ COVID-19 လူနာ ၇၄၁,၈၃၀ ဦး ရှိနေသေးကြောင်း သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၅၀,၂၃၃ ဦး တိုးလာခဲ့ပြီး နိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ်မှ အများဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)

India records highest COVID-19 daily spike of over 100,000 cases
NEW DELHI, April 5 (Xinhua) — India recorded a single-day spike of 103,558 COVID-19 cases on Monday, the highest so far, taking the tally to 12,589,067.
With 478 deaths since Sunday morning, the death toll stood at 165,101.
There are still 741,830 active cases in the country, while 11,682,136 people have been discharged so far from hospitals after medical treatment.
There was an increase of 50,233 active cases during the previous 24 hours, out of which maximum cases were reported from the southwestern state of Maharashtra. Enditem