Connect with us

WORLD

တရုတ်နိုင်ငံမှ ဝယ်ယူသော COVID-19 ကာကွယ်ဆေး ပထမသုတ်ကို ဂျော်ဒန် နိုင်ငံ လက်ခံရရှိ

ဂျော်ဒန်နိုင်ငံ အာမန်မြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာ ရယူရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အာမန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဝယ်ယူသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ဂျော်ဒန်နိုင်ငံမြို့တော်အာမန်သို့ ဧပြီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပြည်သူလူထု ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှု အားကောင်းလာစေရန် နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှု ဖြစ်ကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Chen Chuandong က တရုတ်နိုင်ငံ နှင့် ဂျော်ဒန်နိုင်ငံတို့သည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် တစ်ဦး နှင့် တစ်ဦး အားပေးထောက်ခံခဲ့ကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံ နှင့် ပြည်သူတို့အကြားတွင် အလွန် လေးနက်သော ခင်မင်ရင်းနှီးမှု နှင့် တရုတ်-ဂျော်ဒန် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ တန်ဖိုးကို ထင်ဟပ်စေကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူသုံး ကုန်ပစ္စည်းအဖြစ် ကာကွယ်ဆေးအား အသုံးပြုနိုင်အောင် ပြုလုပ်ရန် ကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့ကြောင်း ၊ ထုတ်လုပ်မှုစွမ်းရည် ပမာဏ အကန့်အသတ်ရှိနေခြင်း နှင့် ပြည်တွင်း ပြည်ပ ကာကွယ်ဆေး ဝယ်လိုအားများစွာ ရှိနေခြင်း စသည့် ဖိအားတို့ကို ကျော်လွှား၍ တရုတ်နိုင်ငံသည် ဂျော်ဒန်နိုင်ငံအား ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် ကူညီခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဘေးကင်းမှု နှင့် အစွမ်းထိရောက်မှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှု ရရှိခဲ့ကြောင်း နှင့် ကပ်ရောဂါကို ကျော်လွှားရန် တရုတ်နိုင်ငံအနေဖြင့် ဂျော်ဒန်နိုင်ငံ နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Chen Chuandong က ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံသည် ထိခိုက်လွယ်အုပ်စုများ နှင့် ရှေ့တန်းတွင် လုပ်ကိုင်နေသော ကျန်းမာရေး ဝန်ထမ်းများအတွက် ဦးစားပေးခြင်းနှင့်အတူ နိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေးထိုးနှံသည် လှုပ်ရှားမှုအား ဇန်နဝါရီ ၁၃ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ဂျော်ဒန်နိုင်ငံ၌ COVID-19 လူနာ ၆၃၂,၉၀၇ ဦး နှင့် သေဆုံးသူ ၇,၂၀၁ ဦး ရှိကြောင်း သိရသည်။ (Xinhua)
—————————————–
(English Version)

Jordan receives 1st batch of COVID-19 vaccines purchased from China

AMMAN, April 4 (Xinhua) — First batch of the Sinopharm COVID-19 vaccines purchased from China arrived in Jordanian capital Amman on Sunday, as the kingdom’s endeavor to strengthen its mass inoculation campaign against the pandemic.

Chinese Ambassador to Jordan Chen Chuandong said in a statement that China and Jordan have supported each other in combating the COVID-19 pandemic, which reflects the value of the Chinese-Jordanian strategic partnership and profound friendship between the two countries and their people.

He said that the Chinese government has fulfilled its commitment to making its vaccines accessible as global public goods, and has assisted Jordan in purchasing Chinese vaccines with overcoming the pressure of large domestic and foreign demand for vaccines and the limits of its production capacity.

He said that the Chinese vaccines have won widespread recognition for their safety and efficacy, and China will continue its cooperation with Jordan to overcome the pandemic at an early date.

Jordan commenced a nationwide COVID-19 vaccination campaign on Jan. 13 with the priority for vulnerable groups and frontline health workers.
The kingdom has reported 632,907 COVID-19 cases with 7,201 deaths. Enditem