ကွမ်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် မေ ၃၁ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၁၁)ဦး ၊ လက္ခဏာမပြကူးစက်သူ (၂)ဦး ထပ်တိုး လာကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဇွန် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒါကာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဆေးများ ထပ်မံရောက်ရှိလာခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် စာရင်းပေးသွင်းခြင်းကို ပြန်လည်စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Zahid Maleque က မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။
ကိုလံဘို၊ ဇွန် ၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနက X-Press Pearl ကွန်တိန်နာသင်္ဘော အနီးဝန်းကျင်တွင် မတော်တဆမှုများအား စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးခန့်အပ်ထားကြောင်း မေ ၃၁ ရက်က ပြောကြားခဲ့သည်။
ချန်ရှား ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ မှ ထုတ်လုပ်သည့် ပထမဦးဆုံးသော ဥရောပတိုက် သို့ တင်သွင်းပေးသည့် နှစ်ထပ်အမြန်ရားထား တည်ဆောက်မှုပြီးစီး၍ မေလ ၃၁ ရက်တွင် ဈေးကွက်သို့ စတင်တင်ပို့လိုက်သည်။
ဖနွမ်းပင်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်(Samdech Techo Hun Sen) က COVID-19 ကလတွင် ဒဏ်ခံနေရသည့် ကမ္ဘာ့စီးပွားရေး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးများဖွင့်လှစ်ရန် နှင့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်မှုအားထိန်းသိန်းရန် နိုင်ငံတကာသို့ မေ...