ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီမှု အနေဖြင့် မြန်မာ ပြည်တွင်း ကုမ္ပဏီ နှစ်ခုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးသို့ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအား ယနေ့ ဖေဖော်ဝါရီ...
မနီလာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို ဖျက်သိမ်းရန် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံအား တရားဝင် အသိပေးလိုက်ပြီးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံထိပ်တန်းသံတမန်တစ်ဦးက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၄ ဘီလီယံ တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် လွှတ်တော်သို့ပေးပို့သော အမေရိကန်သမ္မတအိမ်ဖြူတော်၏ အဆိုပြုချက်တစ်စောင်အရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။