Connect with us

Europe

ဗြိတိန်နိုင်ငံ၌ ဧပြီ ၁၂ ရက်တွင် lockdown ပိတ်ဆို့မှုပယ်ဖျက်ပေးမည်ဟု ဝန်ကြီးချုပ်အတည်ပြု

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ (Queen Elizabeth) အဲလစ်ဇဘတ်ဘုရင်မကြီး လမ်းမပေါ်တွင် လူသူကင်းမဲ့နေသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ဧပြီ ၆ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က COVID-19 ပိတ်ဆို့မှု lockdown ဆိုင်ရာ လမ်းပြမြေပုံ၏ ဒုတိယခြေလှမ်း ဖော်ဆောင်သည့်အနေဖြင့် နိုင်ငံအတွင်းက မရှိမဖြစ် လိုအပ်ချက်မဟုတ်သော ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နှင့် စားသောက်ဆိုင်များ နှင့် ပျော်ပွဲစားရုံများကို အခန်းပြင်ပ စားသောက်ခြင်းအဖြစ် ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်၌ ပြုလုပ်သော အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအစဉ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ ရှင်းလင်းဖြေကြားသည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ယင်းကြေညာချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှု အခြေအနေ တိုးတက်ဖြစ်ပေါ်နေလင့်ကစား ဗိုင်းရပ်စ်မျိုးဗီဇသစ် နှင့် ဥရောပတိုက်တွင် ကပ်ရောဂါ တတိယလှိုင်းရိုက်ခတ်မှုအပေါ် စိုးရိမ်ပူပန်နေရာ ဗြိတိန်နိုင်ငံသည် “ အန္တရာယ်အခက်အခဲကြားတွင် ရှိနေဆဲ” ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

လူမှုဘဝပုံမှန်အခြေအနေပြန်လည် ရောက်ရှိစေရန် ဗြိတိန် ၊ တရုတ် ၊ ရုရှား ၊ အမေရိကန် နိုင်ငံတို့အပြင် ဥရောပသမဂ္ဂပါ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရေးကို အပြင်းအထန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)
——————————————
(English Version)

UK PM confirms further lockdown easing in England from April 12

LONDON, April 5 (Xinhua) — British Prime Minister Boris Johnson on Monday confirmed that on April 12, non-essential shops will reopen and pubs and restaurants will reopen outdoors as Britain moves to step two of the roadmap out of the COVID lockdown.

The statement came as the prime minister was speaking at a virtual Downing Street press conference to give an update on his government’s anti-coronavirus plan.
Experts have warned that despite progress in vaccine rollout, Britain is “still not out of the woods” amid concerns over new variants and the third wave of pandemic on the European continent.

To bring life back to normal, countries such as Britain, China, Russia, the United States as well as the European Union have been racing against time to roll out coronavirus vaccines. Enditem
People are seen at Queen Elizabeth Street in London, Britain, on Jan. 5, 2021.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.