Connect with us

CHINA

တရုတ်နိုင်ငံ ရွှေလီမြို့တွင် COVID-19 အန္တရာယ်ဧရိယာများ ထပ်မံထည့်သွင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း ရွှေလီမြို့ Jingcheng ဆေးရုံရှိ COVID-19 ကာကွယ်ဆေးထိုးနှံသောနေရာတစ်ခုတွင် အမျိုးသမီးတစ်ဦးအား သွေးပေါင်ချိန်ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် COVID-19 ဖြစ်ပွားမှု အန္တရာယ် မြင့်မားအဆင့်ဧရိယာ သုံးခုနှင့် အလယ်အလတ်အဆင့်ဧရိယာ သုံးခု ထပ်တိုးထားကြောင်း သိရသည်။

ယခုအခါ နယ်စပ်မြို့ဖြစ်သော ရွှေလီတွင် ရောဂါဖြစ်ပွားမှု မြင့်မားအဆင့်ဧရိယာ သုံးခုနှင့် အလယ်အလတ်အဆင့် ဧရိယာ ခြောက်ခုရှိပြီဖြစ်ကြောင်း ရွှေလီမြို့ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနချုပ်အရ သိရသည်။

ရွှေလီမြို့သည် မတ် ၃၀ ရက်မှစ၍ ဒေသတွင်း COVID-19 ရောဂါကူးစက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက မတ် ၃၁ ရက်တွင် နိုင်ငံတစ်ဝန်း nucleic acid စစ်ဆေးမှု စတင်ဆောင်ရွက်ခဲ့ပြီး ဒေသခံများအား နေအိမ်ကွာရန်တင်းဝင်ကြရန် တိုက်တွန်းခဲ့သည်။ရွှေလီမြို့၌ ဧပြီ ၄ ရက်တွင် ဒေသတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၅ ဦး တွေ့ရှိခဲ့ကြောင်း ယူနန်ပြည်နယ်ဆိုင်ရာ ကျန်းမာရေးကော်မရှင်က ဧပြီ ၅ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)
——————————————
(English Version)

China’s Ruili adds more COVID-19 risk areas

KUNMING, April 5 (Xinhua) — Ruili City in southwest China’s Yunnan Province on Monday added three high-risk and three medium-risk areas for COVID-19 outbreak.
The border city now has three high-risk areas and six medium-risk areas, according to the city’s epidemic prevention and control headquarters.

Ruili has reported dozens of locally-transmitted COVID-19 cases since March 30. Local authorities on March 31 launched a citywide nucleic acid testing drive and urged residents to observe home quarantine.

The city reported 15 new locally-transmitted COVID-19 cases and five new asymptomatic cases on Sunday, the provincial health commission of Yunnan said on Monday. Enditem
A woman measures blood pressure at a COVID-19 vaccination site of Jingcheng Hospital in Ruili City, southwest China’s Yunnan Province, April 1, 2021. (Xinhua/Chen Xinbo)