Connect with us

Europe

ရုရှားနိုင်ငံ သမ္မတ ပူတင်က ၎င်းအား သမ္မတသက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်ခွင့်ပြုသည့် ဥပဒေကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ စကားပြောနေသည့် သမ္မတ ဗလာဒီမာပူတင်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၌ နောက်ထပ်သက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိရန် ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ ဧပြီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းကို အောက်လွှတ်တော် (ဒူးမားလွှတ်တော်) နှင့် အထက်လွှတ်တော် (ဖက်ဒရေးရှင်းကောင်စီ) တို့က ပြီးခဲ့သည့်လက အတည်ပြုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဥပဒေအသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက နိုင်ငံတစ်ဝန်း လူထုဆန္ဒခံယူပွဲအတွင်း အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအတိုင်း ဆောင်ရွက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၀၆ ခုအနက် တစ်ခုတွင် လက်ရှိနိုင်ငံ့အကြီးအကဲ၏ သမ္မတသက်တမ်းကို နှစ်နှစ် ကန့်သတ်ထားကြောင်း၊ သို့သော် ယခင်တာဝန်ထမ်းဆောင်ခဲ့သော သက်တမ်းအား ထည့်သွင်းရေတွက်ခြင်း မပြုကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ချက်အရ ဥပဒေသစ်က ပူတင်ကို ၎င်း၏သမ္မတတာဝန်ထမ်းဆောင်ခွင့်အား ၂၀၂၄ ခုနှစ်မှစတင်၍ ၂၀၃၆ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Putin signs law allowing him to run for 2 more terms

MOSCOW, April 5 (Xinhua) — Russian President Vladimir Putin on Monday signed a bill into law enabling the incumbent head of state to run for two more terms starting 2024.
The bill was approved by the lower house of parliament, the State Duma, and the upper house of parliament, the Federation Council, last month.
The new elections law was made following constitutional amendments adopted in a nationwide referendum in July 2020.
One of the 206 constitutional amendments stipulates that the limit of two presidential terms applies to the incumbent head of state, but without taking into account his previous terms.
In light of the amendment, the new law grants Putin the possibility of starting his presidency from scratch in 2024 and holding the office for two more terms until 2036. ■
Photo taken on Dec. 17, 2020 in Moscow, Russia shows the live broadcast of Russian President Vladimir Putin speaking during his annual press conference. (Xinhua/Bai Xueqi)