ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နယူးဒေလီ ၊ မတ် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ကြီးအားလုံး နှင့် သက်ဆိုင်ရာဌာနအားလုံးမှ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရှမန်၊ မတ် ၇ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပဋိပစ္စည်းအတွက် အဖြေကို ၂၉ မိနစ်အတွင်းသိနိုင်သော စမ်းသပ်ကိရိယာတစ်မျိုးအား တရုတ်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များညွန်ကြားမှုဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း စမ်းသပ်ပစ္စည်းတီထွင်သူက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။