Connect with us

Asia

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံက နိုင်ငံတကာနယ်စပ်တွင် အပစ်အခတ်ရပ်စဲရေးကြေညာ

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ မြို့တော် ဆရီနာဂါ မြို့လယ်တွင် လုံခြုံရေးကန့်သတ်ထားသောနေရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အိန္ဒိယ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ်များ (DGMOs) သည် အရေးပေါ်ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းထူထောင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဌာနကထုတ်ပြန်ထားသော အဆိုပါ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

“နှစ်ဘက်အဖွဲ့များသည် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်နှင့် အခြားသောကဏ္ဍများအားလုံးအခြေအနေကို လွတ်လပ် ပွင့်လင်း ဖော်ရွေစွာ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက်လုံးက နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်နဲ့ အခြားသောကဏ္ဍတွေအားလုံးမှာ သဘောတူညီချက်များ၊ နားလည်မှုများနှင့် အပစ်အခတ်ရပ်စဲရေးတွေအားလုံးကို တင်းကြပ်စွာလိုက်နာဖို့အတွက် သဘောတူခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄/၂၅ ရက် ညသန်းခေါင်ယံအချိန်မှ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နယ်စပ်များတစ်လျှောက်တွင် အပြန်အလှန်အကျိုးကျေးဇူးရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရန်အလို့ငှာ နှစ်နိုင်ငံ DGMO များက ငြိမ်းချမ်းရေးကို ပျက်စီးစေပြီး အကြမ်းဖက်မှုကို ဦးတည်စေမည့် အလားအလာရှိသော တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဘုံကိစ္စရပ်များနှင့် စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် ရှိနှင့်ပြီးသား အရေးပေါ်ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့် နယ်စပ် အလံတင်အစည်းအဝေးများအား မည်သို့သော ကြိုတင်မခန့်မှန်းနိုင်သော အခြေအနေ သို့မဟုတ် နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ (Xinhua)

——————————-
(Englsih Version)
India, Pakistan announce cease-fire at international border
Source: Xinhua| 2021-02-25 19:13:20|Editor: huaxia
NEW DELHI, Feb. 25 (Xinhua) — India and Pakistan on Thursday jointly announced cease-fire along their international border, the Line of Control (LoC), and all other sectors, with effect from midnight of Wednesday to Thursday.
A joint statement issued by the Indian defence mentioned that the Director Generals of Military Operations (DGMOs) of both countries held discussions over the established mechanism of hotline contact.
“The two sides reviewed the situation along the Line of Control and all other sectors in a free, frank and cordial atmosphere. Both sides agreed for strict observance of all agreements, understandings and cease firing along the Line of Control and all other sectors with effect from midnight 24/25 Feb 2021,” it said.
The statement further added that in the interest of achieving mutually beneficial and sustainable peace along the borders, the two DGMOs agreed to address each other’s core issues and concerns which have the propensity to disturb the peace and lead to violence.
Both sides also reiterated that the existing mechanisms of hotline contact and border flag meetings will be utilized to resolve any unforeseen situation or misunderstanding, the statement said. Enditem
An Indian paramilitary trooper stands guard during a security lockdown in downtown area of Srinagar, the summer capital of Indian-controlled Kashmir, March 1, 2019. (Xinhua/Javed Dar)