ဝါရှင်တန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် ပြည်သူများအနေဖြင့် ရောဂါ ဘေးကင်းမှု ကာကွယ်ရေး ဆောင်ရွက်ချက်များကို သတိထားလိုက်နာခြင်းမပြုပါက COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ သမ္မတ Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဝန်ကြီးချုပ် အီမရန်ခန်းလည်း မတ် ၁၈ ရက်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၁၉ ရက်(ဆင်ဟွာ) ယခုနှစ် ဇန်နဝါရီလတွင် ဥရောပသမဂ္ဂမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏစုစုပေါင်း ယူရိုငွေ (၁၆.၁) ဘီလီယံရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၆.၆) ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာန(Eurostat)၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ နှစ်ဖက်ကုန်သွယ်ရေး၏ စုစုပေါင်းပမာဏသည်...
ကွမ်တုန်း၊ မတ် ၁၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လဆင်းယာဉ် Chang’e-5 ဖြင့်သယ်ဆောင်ကာ အာကာသ၌ ၂၃ ရက်ကြာ စိုက်ပျိုးခဲ့သည့် စပါးမျိုးစေ့ ၁၅၀၀ ခန့် ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ဖန်လုံအိမ်စိုက်ခင်း၌ ပြောင်းရွှေ့စိုက်ပျိုးရာ စပါးမျိုးများအညှောင့်ထွက်လာပြီး ရှင်သန်လျက်ရှိကြောင်းသိရသည်။ ထိုစပါးစေ့များသည်ပြီးခဲ့သည့်နိုဝင်ဘာလက ကီလိုမီတာပေါင်း...
ချိန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်အကြားပထမဆုံး ချိတ်ဆက်ပြေးဆွဲသည့် တရုတ်-ဥရောပ ကုန်တင်ရထားသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရထားသည် ဖေဖော်ဝါရီ ၂၁ ရက်ကချိန်တူး မြို့မှ ထွက်ခွါလာခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် အောက်တွင် အကောင်အထည်ဖော်ဆောင်နေသည့်...