Connect with us

Videos

အာကာသတွင်စမ်းသပ်စိုက်ပျိုးခဲ့သည့်စပါးမျိုးစေ့များ ကွမ်တုန်းတွင် ဆက်လက်ရှင်သန်

ကွမ်တုန်း၊ မတ် ၁၈ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လဆင်းယာဉ် Chang’e-5 ဖြင့်သယ်ဆောင်ကာ အာကာသ၌ ၂၃ ရက်ကြာ စိုက်ပျိုးခဲ့သည့် စပါးမျိုးစေ့ ၁၅၀၀ ခန့် ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ဖန်လုံအိမ်စိုက်ခင်း၌ ပြောင်းရွှေ့စိုက်ပျိုးရာ စပါးမျိုးများအညှောင့်ထွက်လာပြီး ရှင်သန်လျက်ရှိကြောင်းသိရသည်။

ထိုစပါးစေ့များသည်ပြီးခဲ့သည့်နိုဝင်ဘာလက ကီလိုမီတာပေါင်း ၇၆၀,၀၀၀ ကျော် ကွာဝေးသည့် လကမ္ဘာအထိ ခရီးဆန့်ခဲ့ကြပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ကမ္ဘာပေါ်သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။စပါးစေ့များမှာ ဂြိုဟ်ပတ်လမ်းများကိုလည်းဖြတ်သန်းခဲ့ပြီး ပြင်းထန်သည့်နေအပူချိန်နှင့်လည်းထိတွေ့ခဲ့ရသည်။

၎င်းမှာပထမဆုံးအကြိမ် အာကာသပတ်ဝန်းကျင်ဆိုင်ရာနက်ရှိုင်းသော လေ့လာမှုတစ်ခုဖြစ်သည်။cosmic ဓာတ်ရောင်ခြည်လှိုင်းသက်ရောက်မှု နှင့် ကမ္ဘာ့ဆွဲငင်အား သုည နေရာသို့ ရောက်ရှိခဲ့ပြီးသော အချို့ စပါးမျိုးစေ့များသည် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိချိန်တွင် မြေမျက်နှာပြင်ပေါ်၌ ကောင်းမွန်သော အထွက်နှုန်းဖြင့် ရှင်သန်ပေါက်ရောက်နိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။  စပါးစေ့များကိုSouth China Agricultural University (SCAU) ရှိ ဖန်လုံအိမ်တွင်စိုက်ပျိုးခဲ့သည်။ ယခုလကုန်တွင်စပါးများအား မြေပေါ်၌ပြောင်းရွှေ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.