Connect with us

Europe

ဥရောပသမဂ္ဂ၏အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် တရုတ်နိုင်ငံက ဆက်လက်တည်ရှိနေ

တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာ ကုန်တင်ကုန်ချရထားဘူတာကြီးတွင် သယ်ယူပို့ဆောင်မည့်ကွန်တိန်နာများကို စက်များဖြင့် တရုတ်-ဥရောပရထားပေါ်သို့ တင်ဆောင်ပေးနေသည်ကို မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၁၉ ရက်(ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီလတွင် ဥရောပသမဂ္ဂမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏစုစုပေါင်း ယူရိုငွေ (၁၆.၁) ဘီလီယံရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၆.၆) ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာန(Eurostat)၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ နှစ်ဖက်ကုန်သွယ်ရေး၏ စုစုပေါင်းပမာဏသည် ယူရိုငွေ (၄၉.၄)ဘီလီယံရှိပြီး ၂၀၂၀ ပြည့်နှစ် ကာလတူနှင့်အခြေခံအားဖြင့် တူညီရာ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ၏အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်လျှင် ယခုနှစ် ဇန်နဝါရီက ဥရောပသမဂ္ဂ၏ပို့ကုန်နှင့်သွင်းကုန်ပမာဏသည် များစွာ လျော့နည်းခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာန(Eurostat)က ဖော်ပြထားသည်။ ၎င်းတို့အနက် ဥရောပသမဂ္ဂ၏ ပြည်ပသို့ ပို့ကုန်စုစုပေါင်းပမာဏ ယူရိုငွေ (၁၄၈.၃) ဘီလီယံရှိရာ ကာလတူထက် (၁၀.၈)ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး သွင်းကုန်စုစုပေါင်းပမာဏ ယူရိုငွေ (၁၃၉.၉)ဘီလီယံရှိကာ ကာလတူထက် (၁၆.၉) ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

 တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာ ကုန်တင်ကုန်ချရထားဘူတာကြီးတွင် သယ်ယူပို့ဆောင်မည့်ကွန်တိန်နာများကို စက်များဖြင့် တရုတ်-ဥရောပရထားပေါ်သို့ တင်ဆောင်ပေးနေသည်ကို မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာ ကုန်တင်ကုန်ချရထားဘူတာကြီးတွင် ကွန်တိန်နာများတင်ဆောင်ထားသည့် တရုတ်-ဥရောပရထားထွက်ခွါရန် ပြင်ဆင်နေသည်ကို မတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိန်းဂဏန်းများအရ ဥရောပသမဂ္ဂနှင့် အခြားအဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေး ဆက်လက်ကျုံ့ဝင်သွားလျက်ရှိရာ ဇန်နဝါရီလတွင် ဥရောပသမဂ္ဂမှ အမေရိကန်သို့ ပို့ကုန်နှင့်သွင်းကုန်ပမာဏမှာ (၉.၆)ရာခိုင်နှုန်းနှင့် (၂၆.၃)ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားကြောင်း သိရသည်။

တစ်ချိန်တည်းတွင်ပင် ဗြိတိန်၏ Brexit အကူးအပြောင်းကာလပြီးဆုံးခြင်းနှင့်အတူ ဥရောပသမဂ္ဂနှင့်ဗြိတိန်၏ကုန်သွယ်ရေးပမာဏမှာ သိသိသာသာ ကျုံ့ဝင်ခဲ့သည်။ ဇန်နဝါရီလတွင် ဥရောပသမဂ္ဂမှ ဗြိတိန်သို့ ပို့ကုန်ပမာဏသည် ယူရိုငွေ(၁၈)ဘီလီယံနှင့် သွင်းကုန်ပမာဏသည် (၆.၄)ဘီလီယံ ရှိရာ ပြီးခဲ့သည့် ကာလတူထက် (၂၇.၄)ရာခိုင်နှုန်းနှင့် (၅၉.၅)ရာခိုင်နှုန်း လျော့နည်းသွားကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)
(经济)欧盟:中国继续保持欧盟最大贸易伙伴地位
2021-03-19 10:10:37
 新华社布鲁塞尔3月18日电(记者沈忠浩)欧盟统计局18日公布的数据显示,今年1月欧盟向中国出口货物总额161亿欧元(1欧元约合1.19美元),同比增长6.6%。双边货物贸易总额494亿欧元,与2020年同期基本持平,中国继续保持欧盟最大贸易伙伴地位。
 欧盟统计局指出,与去年同期相比,今年1月欧盟货物出口额与进口额均大幅下滑。其中,欧盟对外货物出口总额1483亿欧元,同比减少10.8%;进口总额1399亿欧元,同比减少16.9%。
数据显示,欧盟与另一主要贸易伙伴美国的货物贸易持续萎缩,1月欧盟对美货物出口额和进口额同比分别减少9.6%和26.3%。
  同时,随着英国“脱欧”过渡期结束,欧盟与英国货物贸易规模显著缩小。1月欧盟对英货物出口额180亿欧元,进口额64亿欧元,同比分别减少27.4%和59.5%。(完)
图说1: 2021年3月12日,在南宁国际铁路港,龙门吊给重型机械中欧班列装运集装箱。新华社记者 张爱林 摄
图说2:2021年3月12日,在南宁国际铁路港,龙门吊给重型机械中欧班列装运集装箱。 新华社记者 张爱林 摄
图说3:2021年3月13日,在南宁国际铁路港,2021年广西首趟重型机械中欧班列整装待发。新华社记者 张爱林 摄