လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် နိုင်ငံခြားသားများနှင့် ပြည်ပမှ ပြန်လာကြမည့် နိုင်ငံသားအချို့ ဝင်ရောက်မှုကို ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ မတ် ၁၆ ရက်တွင် ပစ်ခတ်မှု သုံးခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဒါကာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အဓိကဆေးရုံတစ်ရုံရှိ ကိုဗစ် လူနာများ ကုသပေးသော အရေးပေါ်ကုသဆောင်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာသုံးဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။