Connect with us

North America

အမေရိကန်နိုင်ငံ ဂျော်ဂျီယာ၌ ပစ်ခတ်မှုများဖြစ်ပွားရာ ၈ ဦးသေဆုံး

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ ဂျော်ဂျီယာ ပြည်နယ် ပါလီမန် အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ မတ် ၁၆ ရက်တွင် ပစ်ခတ်မှု သုံးခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Cherokee ကောင်တီတွင် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က အတ္တလန်တာမြို့၏ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသ Acworth အနီး Young’s Asian အနှိပ်ခန်းတွင် ဖြစ်ပွားခဲ့ကြောင်း ၊ ဆေးရုံ၌ ဒဏ်ရာ ရရှိသူ တစ်ဦးအား ကုသပေးလျက် ရှိပြီး သေဆုံးသူ အရေအတွက်မှာ လေးဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုတွင် အသက် ၂၁ နှစ် အရွယ် သံသယရှိသူ Robert Aaron Long အား လိုက်လံဖမ်းဆီးရာ၎င်းအား Crisp ကောင်တီတွင် ဖမ်းဆီးရမိခဲ့ကြောင်း Cherokee ရဲအရာရှိရုံးက ပြောကြားခဲ့သည်။ ယင်းပစ်ခတ်မှု နောက်ကွယ်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Cherokee ကောင်တီ၌ ပစ်ခတ်မှု ဖြစ်ပွားပြီး မကြာမီ အတ္တလန်တာ ရဲတပ်ဖွဲ့ဝင်များသည် မြို့၏ အရှေ့မြောက်ဘက် Piedmont လမ်းပေါ်တွင် လုယက်မှုအား နှိမ်နှင်းခဲ့ရကြောင်း ၊ အတ္တလန်တာ ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ Rodney Bryant က ပါဝင်သူ လေးဦးစလုံးမှာ အာရှတိုက်သား အမျိုးသမီးများဟု ယူဆရပြီး ဆိုင်ချင်းကပ်အနှိပ်ခန်းမှ အနှိပ်သမနှစ်ဦးသေဆုံးသွားကြောင်း ဆိုသည်။
အတ္တလန်တာ ရဲတပ်ဖွဲ့ အကြီးအကဲ Bryant က ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၊ Cherokee ကောင်တီရဲဌာနနှင့် ဆွေးနွေးမှုများ ရှိကြောင်း အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ ပစ်ခတ်မှု သုံးခုမှာ ဆက်စပ်မှု ရှိသည်ဟူ၍ ပြောဆိုရန် စောသေးကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ပစ်ခတ်မှု အကြောင်းရင်းများအား အတိအကျ မဆုံးဖြတ် မသိရသေးကြောင်း Bryant က ပြောကြားခဲ့သည်။”အခုတော့ အများပြည်သူအတွက် ချက်ချင်း ခြိမ်းခြောက်မှု မရှိပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့တွေ တစ်ခြား ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့အတူ ပြောဆိုဆွေးနွေးတာတွေ လုပ်နေပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)
Eight people killed in multiple shooting incidents in U.S. state of Georgia
WASHINGTON, March 16 (Xinhua) — Eight people were killed and another one was injured in three shooting incidents Tuesday in the metropolitan area of Atlanta, Georgia.
In Cherokee County, a shooting was reported around 5:00 p.m. local time (2100 GMT) at Young’s Asian Massage Parlor near Acworth, a northwest suburb of Atlanta. The death toll of the incident rose to four as one injured person has been treated in hospital.
The Cherokee Sheriff’s Office said the shooting suspect, 21-year-old Robert Aaron Long, was captured in Crisp County after a chase. The motive behind the shooting is still under investigation.
Shortly after the Cherokee County shooting, Atlanta police responded to a robbery call on Piedmont Road in the northeast part of the city. Atlanta Police Chief Rodney Bryant later confirmed that four females, all believed to be Asian, were shot and killed at two massage parlors close to each other.
Bryant said an investigation is still in the early stage. “I’ve had conversations with Cherokee County,” he said of the earlier shooting, adding it’s still early to say the three shooting incidents were connected.
Bryant said the exact motive of the shootings is yet to be determined. “Right now there’s no immediate threat to the public at large, but we are having conversations with different law enforcement agencies,” he added. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.