Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါမြင့်တက်လာသဖြင့် ပြည်တွင်းခရီးသွားလာမှု ဆိုင်းငံ့

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ COVID-19 ကာကွယ်ဆေးထိုးလေ့ကျင့်မှုအတွင်း နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အပူချိန် တိုင်းတာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် နိုင်ငံခြားသားများနှင့် ပြည်ပမှ ပြန်လာကြမည့် နိုင်ငံသားအချို့ ဝင်ရောက်မှုကို ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်သတ်မှုအရ ပြည်ပတွင် အလုပ်လုပ်ကိုင်သူမဟုတ်သော နိုင်ငံခြားသားများနှင့် နိုင်ငံအတွင်း ပြန်ဝင်ရောက်လာသည့် နိုင်ငံသားများအနေဖြင့် မတ် ၂၀ ရက်မှ ဧပြီ ၁၉ ရက်အထိ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းအဖွဲ့က မတ် ၁၆ ရက် ညပိုင်း၌ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းအဖွဲ့သည် တစ်ရက်လျှင် ပြည်တွင်းသို့ နိုင်ငံတကာခရီးသည်ဝင်ရောက်မှုကို ကန့်သတ်ရန် အေဂျင်စီများနှင့် တိုက်ရိုက်ညွှန်ကြားထားကြောင်း၊ သို့သော်လည်း ၎င်းကန့်သတ်မှုတွင် ပြည်ပအစိုးရတာဝန်ရှိသူများ၊ သံတမန်များနှင့် ပြည်ပမှ ပြန်လာကြမည့် ဖိလစ်ပိုင်နိုင်ငံသားများ မပါဝင်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇာရှိထားပြီး ကင်းလွတ်ခွင့်စာများ ရရှိထားသည့် နိုင်ငံခြားသားအချို့ကိုမူ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းနှင့် ဗီဇပြောင်းဗိုင်းရပ်စ်အသစ် ကူးစက်မှုလည်း မြင့်တက်မှု ကြုံတွေ့နေရပြီး မတ် ၁၅ ရက်တွင် COVID-19 ရောဂါဖြစ်ပွားသူ ၅,၄၀၄ ဦးရှိခဲ့ရာ ခုနှစ်လနီးပါးအတွင်း ရောဂါကူးစက်မှု အများဆုံးလည်း ဖြစ်သည်။ဖိလစ်ပိုင်နိုင်ငံ၌ သေဆုံးသူ ၁၂,၈၄၈ ဦး အပါအဝင် COVID-19 ရောဂါဖြစ်ပွားသူ ၆၃၁,၃၂၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————-
(English Version)

Philippines to suspend inbound travelers as COVID-19 cases go up
MANILA, March 17 (Xinhua) — The Philippines said it will temporarily suspend the entry of foreigners and some citizens as the Southeast Asian country battles a renewed spike in COVID-19 cases.
In a statement issued on Tuesday night, the country’s coronavirus task force said foreign citizens and returning nationals who had not been working overseas will not be able to enter the country from March 20 until April 19 under the ban.
The task force also directed concerned agencies to limit the number of inbound international passengers to 1,500 a day. However, the ban doesn’t include foreign government officials, diplomats, and Filipino workers returning from overseas.
The Southeast Asian country has just opened its door to allow the entry of some foreigners who already have visas and exemption letters.
But the country is experiencing a surge in COVID-19 cases and increasing infections of new variants. The Philippines recorded 5,404 COVID-19 cases on Monday, the highest in nearly seven months.
The country has so far reported 631,320 cases, including 12,848 deaths. Enditem
A woman wearing a protective face mask has her temperature checked during a COVID-19 vaccination simulation exercise in Manila, the Philippines, Jan. 19, 2021. The Department of Health (DOH) of the Philippines reported on Tuesday 1,357 new confirmed COVID-19 cases, bringing the total number of confirmed cases in the Southeast Asian country to 504,084. (Xinhua/Rouelle Umali)