Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 လူနာများကု သပေးသော အရေးပေါ်ကုသဆောင် မီးလောင်၍ ၃ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အဓိကဆေးရုံတစ်ရုံရှိ ကိုဗစ် လူနာများ ကုသပေးသော အရေးပေါ်ကုသဆောင်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာသုံးဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈:၀၀ နာရီခန့်က ဖိအားမြင့်အောက်ဆီဂျင်စက် ပေါက်ကွဲချိန်တွင် ယင်းအဆောင်၌ လူနာ ၁၄ ဦးရှိနေခဲ့ကြောင်း Dhaka Medical College ဆေးရုံ၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Md Nazmul Haque က ဆင်ဟွာသို့ ပြောခဲ့သည်။

မီးလောင်မှုကြောင့် အခြားဒဏ်ရာရသူများမရှိကြောင်း ၎င်းက ဆိုသည်။အဆိုပါ အထူးကြပ်မတ်ဆောင်ရှိ လူနာများအားလုံးကို ၎င်းဆေးရုံရှိ နောက်ထပ် အထူးကြပ်မတ်ဆောင်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။“အထူးကြပ်မတ်ဆောင်ရှိ လူနာသုံးဦးမှာ မီးလောင်ပြီးနောက် ဆေးရုံရဲ့ နောက်ထပ် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့တဲ့အခါ သေဆုံးသွားခဲ့တယ်” ဟု Haque က ပြောခဲ့သည်။လူနာများမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိပြီး အသက်ရှူစက်ဖြင့် အသက်ကယ်ဆယ်နေရကြောင်း ၎င်းက ဆိုသည်။၂၀၂၀ ပြည့်နှစ် မေလတွင် ဒါကာမြို့ရှိ United ဆေးရုံ COVID-19 ယာယီကုသဆောင်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

3 killed in fire in Bangladesh ICU unit treating COVID-19 patients

DHAKA, March 17 (Xinhua) — A fire broke out Wednesday morning at an intensive care unit treating COVID-19 patients in a major hospital in Bangladeshi capital Dhaka, leaving three patients dead, a senior official said.
Brigadier General Md Nazmul Haque, director of Dhaka Medical College Hospital, told Xinhua that 14 patients were in the unit when a “high pressure oxygen device” exploded at around 8:00 a.m. local time Wednesday.
Other than the fatalities, no others were injured in the fire, he mentioned.
All the ICU patients were transferred to another ICU unit of the hospital, he added.
“Three of the ICU patients were killed while they were transferred to another unit at another building of the hospital following the fire,” Haque said.
He said the victims were in critical condition and receiving life-supporting treatment through ventilators.
In May last year, five patients died in a devastating fire incident at the makeshift COVID-19 unit of United Hospital in Dhaka. Enditem

A woman receives the COVID-19 vaccine in Dhaka, Bangladesh, Feb. 7, 2021. Bangladesh has launched countrywide COVID-19 vaccination drive Sunday after a two-day pilot immunization program at the end of the last month. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.