ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၂၀ ရက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အနက် ၄၀ ပေခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူများ အနက် လေးဦးမှာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂ဝပြည့်နှစ် နွေရာသီကာလအတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ မဂ္ဂါဝပ် ၁၁၆၆ အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆာင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံသို ဇန်နဝါရီ ၂၀ ရက်က သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကူမင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ Dianchi ရေကန်၊ သဘာဝစိမ့်မြေအရပ်သို့ ဇန်နဝါရီ ၂၀ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။