Connect with us

WORLD

မော်လ်ဒိုက်နိုင်ငံ သမ္မတက ဒေသခံများကို ပထမဆုံး ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်း

မော်လ်ဒိုက်နိုင်ငံ မြို့တော် မာလေးကို ဝေဟင်မြင်ကွင်းကျယ်မှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

မာလေး၊ မတ် ၁၁ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ သမ္မတ Ibrahim Solih က ဒေသခံများအား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရေးတွင် ပြီးဆုံးသည်အထိ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း ဒေသခံမီဒီယာက မတ် ၁၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

အာဏာပိုင်များက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မကြာမီ စတင်သွားရန် စီစဉ်ထားကြောင်း သမ္မတ Solih က မတ် ၁၀ ရက်၌ အွန်လိုင်းသတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

နိုင်ငံရှိလူဦးရေအားလုံး ကာကွယ်ဆေးထိုးနှံခြင်းသည် ကပ်ရောဂါကို နောက်ချန်ရစ်ရန် အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း၊ ၎င်းအစိုးရ၏ မူဝါဒမှာ နိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အထောက်အထားမဲ့ လူပုဂ္ဂိုလ်များ အပါအဝင် တစ်ဦးတစ်ယောက်ချင်းစီကို ကာကွယ်ဆေး အခမဲ့ရရှိရန် ဖြစ်ကြောင်း သမ္မတက ဆိုသည်။

မော်လ်ဒိုက် အစိုးရအနေဖြင့် တတိယအဆင့် ဆေးရုံ ၅ ခုတည်ဆောက်ခြင်းနှင့် Addu နှင့် Kulhudhuffushi မြို့များရှိ ဆေးရုံများကို အဆင့်မြှင့်တင်ခြင်း အပါအဝင် ဗဟိုလုပ်ကိုင်ခွင့်မှုတစ်ဆင့် ကျန်းမာရေးကဏ္ဍတွင် အားနည်းချက်များကို ကိုင်တွယ်ရန် မျှော်လင့်ခဲ့ကြောင်း သမ္မတက ပြောခဲ့သည်။

ထို့ပြင် သမ္မတက ကျန်းမာရေးဝန်ထမ်းများနှင့် ရှေ့တန်းမှ အလုပ်သမားများကို ကပ်ရောဂါ တိုက်ဖျက်ရေး၌ ၎င်းတို့၏ စုပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

————————————-
(English Version)
Maldives president calls on residents to get first dose of vaccine
2021-03-11 13:32:30
MALE, March 11 (Xinhua) — Maldives President Ibrahim Solih has called on residents to finish getting their first dose of the COVID-19 vaccine, local media reported here Thursday.
President Solih, in a virtual statement delivered on Wednesday, said that authorities are planning to begin administering the second dose of vaccinations soon.
Solih said that inoculating the entire population was the fastest way to move beyond the pandemic. He said that his government’s policy was to administer the vaccine free of charge to everyone including citizens, migrants, and undocumented individuals.
The President said that his government hoped to address shortcomings in the health sector through decentralization, including the building of five tertiary hospitals and upgrades to hospitals in Addu and Kulhudhuffushi.
The President thanked all healthcare workers and frontline workers for their collective dedication in fighting the pandemic. Enditem
Aerial photo taken on Sept. 1, 2019 shows the panoramic view of Male, capital of Maldives. (Photo by Wang Mingliang/Xinhua)