Connect with us

WORLD

အရွယ်ရောက်ပြီးသူတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး ဘိုင်ဒန် လုပ်ဆောင်သွားမည်

အမေရိန်ကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် အားတွေ့ရစဉ် (ဆင်ဟွာ)

 

ဝါရှင်တန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအားလုံး မေလ ၁ ရက်မှစတင်၍ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပြည်နယ်များသို့ ညွှန်ကြားချက်အား အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က မတ် ၁၁ ရက်တွင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ဘိုင်ဒန်အနေဖြင့် မတ် ၁၁ ရက် ညနေဘက်တွင် ပြည်သူသို့မိန့်ခွန်းပြောကြားရာ၌ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့တွင် ပြည်သူများ အရေအတွက်အနည်းငယ်ဖြင့် အုပ်စုငယ်များဖွဲ့၍ ပွဲများကျင်းပခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း အမေရိကန် အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ဒေသတွင်းမီဒီယာများအားပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ COVID-19 ဖြစ်ပွားမှုမှာ ၂၉.၂ သန်း အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ လူဦးရေ ၅၃၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း Johns Hopkins တက္ကသိုလ်၏ စစ်တမ်းများအရ သိရသည်။

ဘိုင်ဒန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၉ ထရီလီယံ တန်ဖိုးရှိ COVID-19 ကပ်ဘေး ကုစားမှုဥပဒေကြမ်းအား မတ် ၁၁ ရက်အစောပိုင်းတွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းမှာ ဇန်နဝါရီလတွင် သမ္မတရာထူးလက်ခံပြီးနောက် ၎င်းအနေဖြင့် ပထမဆုံး လက်မှတ်ထိုးခဲ့သည့် ဥပဒေဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————-
(English Version)
Biden to make all adults eligible for COVID-19 vaccines
WASHINGTON, March 11 (Xinhua) — U.S. President Joe Biden is set to announce Thursday that he will direct states to make all American adults eligible for COVID-19 vaccines by May 1.
Biden, in his first primetime address to the nation scheduled for Thursday evening, is also expected to announce that Americans should be able to gather in small groups to celebrate the Fourth of July, or the Independence Day, local media quoted a senior administration official as saying.
COVID-19 cases in the United States have topped 29.2 million, with more than 530,000 related deaths, according to the real-time count by Johns Hopkins University.
Biden signed the 1.9-trillion-U.S.-dollar COVID-19 relief bill into law earlier Thursday, marking the first legislative victory for him since taking office in January. Enditem

Photo- U.S. President Joe Biden delivers his inaugural address after he was sworn in as the 46th president of the United States in Washington, D.C., the United States, on Jan. 20, 2021. (Xinhua/Liu Jie)
———————————–
(Zawgyi Version)
အ႐ြယ္ေရာက္ၿပီးသူတိုင္း COVID-19 ကာကြယ္ေဆးထိုးႏွံႏိုင္ေရး ဘိုင္ဒန္ လုပ္ေဆာင္သြားမည္

ဝါရွင္တန္၊ မတ္ ၁၂ ရက္ (ဆင္ဟြာ)

အ႐ြယ္ေရာက္ၿပီးသူ အေမရိကန္ႏိုင္ငံသားအားလုံး ေမလ ၁ ရက္မွစတင္၍ COVID-19 ကာကြယ္ေဆးထိုးႏွံႏိုင္ေရးအတြက္ ျပည္နယ္မ်ားသို႔ ၫႊန္ၾကားခ်က္အား အေမရိကန္ႏိုင္ငံသမၼတဂ်ိဳးဘိုင္ဒန္က မတ္ ၁၁ ရက္တြင္ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။

ဘိုင္ဒန္အေနျဖင့္ မတ္ ၁၁ ရက္ ညေနဘက္တြင္ ျပည္သူသို႔မိန႔္ခြန္းေျပာၾကားရာ၌ ဇူလိုင္ ၄ ရက္ အေမရိကန္လြတ္လပ္ေရးေန႔တြင္ ျပည္သူမ်ား အေရအတြက္အနည္းငယ္ျဖင့္ အုပ္စုငယ္မ်ားဖြဲ႕၍ ပြဲမ်ားက်င္းပခြင့္ေပးလိမ့္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း အေမရိကန္ အႀကီးတန္းအုပ္ခ်ဳပ္ေရး အရာရွိတစ္ဦးက ေဒသတြင္းမီဒီယာမ်ားအားေျပာၾကားခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံ၌ COVID-19 ျဖစ္ပြားမႈမွာ ၂၉.၂ သန္း အထိ အျမင့္ဆုံးျဖစ္ခဲ့ၿပီး၊ လူဦးေရ ၅၃၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း Johns Hopkins တကၠသိုလ္၏ စစ္တမ္းမ်ားအရ သိရသည္။

ဘိုင္ဒန္အေနျဖင့္ အေမရိကန္ေဒၚလာ ၁.၉ ထရီလီယံ တန္ဖိုးရွိ COVID-19 ကပ္ေဘး ကုစားမႈဥပေဒၾကမ္းအား မတ္ ၁၁ ရက္အေစာပိုင္းတြင္ ဥပေဒအျဖစ္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း၊ ယင္းမွာ ဇန္နဝါရီလတြင္ သမၼတရာထူးလက္ခံၿပီးေနာက္ ၎အေနျဖင့္ ပထမဆုံး လက္မွတ္ထိုးခဲ့သည့္ ဥပေဒျဖစ္ေၾကာင္း သိရသည္။ (Xinhua)