Connect with us

WORLD

ပေါ်တူဂီနိုင်ငံတွင် COVID-19 အသွားအလာကန့်သတ်မှု ဖြည်းဖြည်းချင်းဖြေလျှော့သွားရန် စီစဉ်ထားကြောင်း ကြေညာ

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Ajuda National Palace တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဝန်ကြီးချုပ် Antonio Costa အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံတွင် COVID-19 ကပ်ရောဂါထိန်းချုပ်ရန် နှစ်လကျော်ကြာ အသွားအလာကန့်သတ်မှုများ (Lockdown) ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ချင့်ချင့်ချိန်ချိန်၊ သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Antonio Costa က မတ် ၁၁ ရက်၌ ကြေညာခဲ့သည်။

မတ်လ ၁၅ ရက်မှစတင်ကာ မူလတန်းကျောင်းများ၊ ပါဆယ်စနစ်ဖြင့် ဝယ်ယူနိုင်သည့်ဆိုင်များ၊ အလှပြင်လုပ်ငန်းများ၊ စာအုပ်ဆိုင်များ၊ ကားရောင်းဝယ်မှုနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ ဖွင့်လှစ်နိုင်ပြီဖြစ်သည်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Ajuda National Palace တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဝန်ကြီးချုပ် Antonio Costa အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Ajuda National Palace တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဝန်ကြီးချုပ် Antonio Costa အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Ajuda National Palace တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဝန်ကြီးချုပ် Antonio Costa အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ Ajuda National Palace တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဝန်ကြီးချုပ် Antonio Costa အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဧပြီလ ၅ ရက်မှစ၍ စာသင်ကျောင်းများ၊ ဈေးဆိုင်ငယ်များ၊ စားသောက်ဆိုင်များ၊ ပြတိုက်များနှင့် ပန်းချီပြခန်းများ ဖွင့်လှစ်နိုင်ပြီဖြစ်သည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနှင့် စားသောက်ဆိုင်များနှင့် ဆိုင်အတွင်းခင်းကျင်းစားသောက်နိုင်သည့် အဆောက်အအုံများကိုမူ ဧပြီ ၁၉ ရက်မှစ၍ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေလ ၃ ရက်နောက်ပိုင်းတွင် စားသောက်ဆိုင်များအား အဓိကဘာသာရေးပွဲများနှင့် အခမ်းအနားများကို ဖြေလျှော့ခြင်းဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို တိုးချဲ့နိုင်ရန် ခွင့်ပြုသွားမည်ဖြစ်သည်။

“ဒီနှစ်လတာအတွင်း အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဒီကနေ့ လူမှုအသိုင်းအဝိုင်းရဲ့ ပြန်လည်ဖွင့်လှစ်ရေး တိုးတက်မှုအတွက် အစီအစဉ်ကို ကျွန်တော်တို့ ပြောကြားနိုင်တာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ပေါ်တူဂီနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက ယနေ့အထိ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၁၁,၉၄၈ ဦးနှင့် သေဆုံးသူ ၁၆,၆၃၅ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————-
(English Version)
Portugal announces plan to gradually ease COVID-19 lockdown
Source: Xinhua| 2021-03-12 07:07:37|Editor: huaxia
LISBON, March 11 (Xinhua) — Portuguese Prime Minister Antonio Costa announced on Thursday the country’s schedule of reopening after more than two months of lockdown to contain the COVID-19 pandemic, pledging that it will be a “prudent, cautious and gradual” reopening.
Starting from March 15, educational establishments for early childhood, take-away shops, beauty studios, bookstores, car trade, and real estate mediation can open.
As of April 5, schools, small shops, restaurants, museums and art galleries, can be opened.
As of April 19, institutions of secondary and higher education will be allowed to operate, as well as auditoriums, cinemas, theaters, and restaurants and similar establishments with tables in the indoor facilities.
After May 3, restaurants will be authorized to expand their service to more public, with the release of major religious events and ceremonies.
The prime minister said that “the effort of all over these two months has allowed reaching today the moment when, with certainty, we can speak of the plan for the progressive reopening of the society.”
To date, Portugal has had a cumulative total of 811,948 COVID-19 infections and 16,635 fatalities since the beginning of the pandemic. Enditem
1- 5-Portuguese Prime Minister Antonio Costa holds a press conference to announce the plan to gradually ease COVID-19 lockdown at the Ajuda National Palace in Lisbon, Portugal, on March 11, 2021. Portuguese Prime Minister Antonio Costa announced on Thursday the country’s schedule of reopening after more than two months of lockdown to contain the COVID-19 pandemic, pledging that it will be a “prudent, cautious and gradual” reopening. (Photo by Pedro Fiuza/Xinhua)