Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် နှစ်ရက်ဆက်တိုက် COVID-19 ရောဂါကြောင့် နေ့စဉ်သေဆုံးရသည့်လူနာ ၂ ထောင်ကျော်အထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ ပြည်သူလူထုတို့က နှာခေါင်းစည်းတပ်၍ သွားလာလှုပ်ရှားနေသည် ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဆောပိုလို ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် တစ်နေ့အတွင်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသည့် လူနာပေါင်း ၂ ထောင်ကျော် အထိ နှစ်ရက်ဆက်တိုက် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၁ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဘရာဇီးနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသည့် လူနာ ၂,၂၃၃ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၇၂,၈၈၉ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ မတ်လ ၁၀ ရက်၌ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၂,၂၈၆ ဦးရှိခဲ့ပြီး ယင်းမှာ ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားလာချိန်မှစ၍ တစ်နေ့အတွင်း ပထမဦးဆုံးအကြိမ်လူပေါင်း ၂ ထောင်ကျော် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၇၅,၄၁၂ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၁,၂၇၇,၇၁၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ သိရှိရသည်။ ဘရာဇီးနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း COVID-19 ကပ်ရောဂါအခြေအနေက သိသာစွာ ဆိုးရွားလာခဲ့ကြောင်း ၊ ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဌာနများထုတ်ပြန်ခဲ့သော ကြေညာချက်များအား စာရင်းပြုစုချက်အရ မတ်လ ၁၁ ရက်အချိန်ထိ လွန်ခဲ့သည့် တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံတွင် နေ့စဉ် ပျမ်းမျှ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသည့် လူနာမှာ ၆၉,၆၈၀ ဦးရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပတ်အချိန်ကထက် ၃၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကာ ကပ်ရောဂါဖြစ်ပွားလာသည့် ကာလတစ်လျှောက် အများဆုံးဖြစ်ခဲ့ကြောင်း ၊ နေ့စဉ် COVID-19 ရောဂါကြောင့် သေဆုံးရသည့် လူနာမှာလည်း ပျမ်းမျှအားဖြင့် ၁,၇၀၅ ဦးရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပတ်အချိန်ကထက် ၄၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကာ အမြင့်ဆုံးစံချိန်အဖြစ်တင်ခဲ့ကြောင်း သိရှိရသည်။

ဆောပိုလိုပြည်နယ်သည် ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါအဆိုးရွားဆုံးဖြစ်ပွားသည့် ပြည်နယ်အဖြစ် ဆက်လက်ရှိနေပြီး ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းပြုစုချက်အရ မတ်လ ၁၁ ရက်အချိန်ထိ ယင်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂.၁၆ သန်းကျော် ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ ၆၃,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။ ဆောပိုလိုပြည်နယ်အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၁၁ ရက်အချိန်ထိ ပြည်နယ်အတွင်းရှိ အထူးကြပ်မတ်ဆောင်အသုံးပြုနေသည့်ရာခိုင်နှုန်းမှာ ၈၆.၇ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ပြီး ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ အမြင့်ဆုံးအခြေအနေဖြစ်လာခဲ့ကြောင်း ၊ ထို့ပြင် ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၅၃ မြို့ရှိ အထူးကြပ်မတ်ဆောင်အသုံးပြုသည့်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့်အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။

ဆေးဝါးကုသမှုစနစ်မပြိုလဲစေရန် နှင့် ကပ်ရောဂါဆက်လက်မပြန့်ပွားစေရန်အတွက် မတ်လ ၁၅ ရက် မှ ၃၀ ရက် အထိ ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေသို့ဝင်ရောက်ကြောင်း ဆောပိုလိုပြည်နယ် အစိုးရက မတ်လ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကာလအချိန်တွင် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများက လက်ရှိကြေညာထားသည့် အနီရောင်အဆင့်ထက် ပိုမိုတင်းကြပ်သွားမည်ဖြစ်ပြီး လူနေမှုအတွက် မဖြစ်မနေမလိုအပ်သော နေရာများဆက်လက်ပိတ်သိမ်းထားရမည့်အပြင် ဘာသာရေးဆိုင်ရာစုဝေးမှုများ ၊ အားကစားပွဲများ ၊ ဥယျာဉ် နှင့် ကမ်းခြေများလည်း ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအတွင်း ဆောပိုလိုပြည်နယ်တွင် နေ့စဉ် ၂၀ နာရီ မှ နောက်နေ့နံနက် ၅ နာရီအချိန်ထိ ညမထွက်ရ အမိန့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ညမထွက်ရအချိန်အတွင်း ပြည်နယ်အစိုးရအနေဖြင့် ကင်းလှည့်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

———————————————
(Chinese Version)
(国际疫情)巴西连续两天单日新增新冠死亡病例超2000例
2021-03-12 10:32:20 分类: 科学技术
  新华社圣保罗3月11日电(记者宫若涵)巴西单日新增新冠死亡病例数连续两天超2000例。巴西卫生部11日公布的数据显示,该国新增新冠死亡病例2233例,累计死亡272889例。10日,巴西新增新冠死亡病例2286例,系疫情暴发以来单日新增死亡首次超2000例。
  巴西卫生部11日的数据显示,该国新增确诊病例75412例,累计确诊11277717例。巴西的新冠疫情近来明显恶化。巴西主流媒体根据各州卫生厅公布的数据统计得出,在截至本月11日的一周里,巴西平均日增确诊病例69680例,比两周前的数据上涨了30%,是疫情暴发以来的最高值;平均日增死亡病例1705例,比两周前的数据上涨了49%,同样创下最高纪录。
  圣保罗州仍是巴西疫情最严峻的州。根据巴西卫生部的数据,截至11日,该州累计确诊病例超过216万例,累计死亡病例超过6.3万例。州政府公布的数据显示,11日全州重症监护病床使用率达到86.7%,是疫情发生以来最高值,该州有53个城市的重症监护病床使用率都已达到100%。
  为了避免医疗系统崩溃并遏制疫情继续蔓延,圣保罗州政府11日宣布,从本月15日到30日,全州进入紧急阶段。在这一阶段,防疫措施比目前该州所处的红色阶段更为严格:除了非生活必要场所继续关闭之外,不得进行聚集性宗教活动、不得举办体育赛事、关闭公园和海滩等。
  此外,在紧急阶段,圣保罗州全州每日20时到次日凌晨5时实施宵禁,州政府将加大宵禁期间的巡逻力度。(完)

Photo
1月28日,市民戴口罩走在巴西圣保罗的一个地铁站内。新华社发(拉赫尔•帕特拉索摄)