ဟာရာရီ ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် Sinovac နှင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်သုံးစွဲရန် ဇင်ဘာဘွေဆေးဝါးထိန်းချုပ်မှုအာဏာပိုင်အဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA) အကြီးအကဲ ကျန်းခဲ့ကျန်နှင့် ရုရှားဖက်ဒရယ်အာကာသအေဂျင်စီ(Roscosmos) ညွှန်ကြားရေးမှူးချုပ် Dmitry Rogozinတို့သည် တရုတ်-ရုရှား နှစ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့၏ နိုင်ငံတကာ လကမ္ဘာ သိပ္ပံသုတေသနစခန်းတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို မတ်...
ဂျီနီဗာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်သည့် လုပ်ငန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပမာဏ တိုးချဲ့လုပ်ဆောင်ကာ လက်ရှိကမ္ဘာက လိုအပ်နေသော ကာကွယ်ဆေးထောက်ပံ့မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းသွားကြရန် မတ်လ ၉ ရက်၌...
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ မီးရထားလုပ်ငန်းရုံးအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ငါးဦးနှင့် ရဲတစ်ဦးအပါအဝင် လူ ကိုးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
ဒမတ်စ်ကက်စ် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံသမ္မတဘာရှာ အာဆတ် နှင့် ဇနီး အက်စ်မာအယ်လ်အာဆတ်တို့သည် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။