Connect with us

Africa & Middle East

ဆီးရီးယားသမ္မတ နှင့် ဇနီးတို့ COVID-19 ရောဂါ ကူးစက်ခံရ

ဆီးရီးယားသမ္မတအာဆတ်က နိုင်ငံ အနောက်မြောက်ပိုင်း Habit မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်က သွားရောက်စစ်ဆေးစဉ်(ဆင်ဟွာ)

ဒမတ်စ်ကက်စ် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံသမ္မတဘာရှာ အာဆတ် နှင့် ဇနီး အက်စ်မာအယ်လ်အာဆတ်တို့သည် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ရောဂါလက္ခဏာအချို့ပြသခဲ့ပြီးနောက် သမ္မတနှင့်ဇနီး တို့သည် PCR စစ်ဆေးမှုခံယူခဲ့ကြောင်း နှင့် positive အဖြေရလဒ်ထွက်ပေါ်ခဲ့ကြောင်း ၊ သို့သော်လည်း ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပြီး တည်ငြိမ်လျက်ရှိကြောင်း SANA သတင်းက ဆိုသည်။

အာဆတ် နှင့် ဇနီး သည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ကိုင်ရင်း သီးခြားခွဲနေထိုင်မှု(Q) နှစ်ပတ်မှ သုံးပတ်အထိ နေထိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သမ္မတက ပြည်သူများအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် ဘေးကင်းစွာနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက သတိပေးချက် ထုတ်ပြန်နေစဉ်အတွင်းမှာပင် သမ္မတသတိပေးချက်ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ်ရိုက်ခတ်မည့်လှိုင်းမှာ အလွန်ပြင်းထန်နိုင်ကြောင်း ဆိုသည်။

ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက မတ်လဆန်းမှ ၇ ရက်နေ့အထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၁၅,၉၈၁ ဦးရှိပြီး ပြန်လည်သက်သာပျောက်ကင်းသူ ၁၀,၃၇၄ ဦး နှင့် သေဆုံးသူ ၁,၀၆၃ ဦး အသီးသီးရှိကြောင်း ဆိုသည်။ သို့သော်လည်း အမှန်တကယ် ရောဂါစမ်းသပ်စစ်ဆေးမှု ပြုလုပ်ထားခြင်း မရှိသည့်အတွက် ပြည်သူများအကြား ကူးစက်မှုနှုန်းမှာ ဖော်ပြထားသောကိန်းဂဏန်းထက် ပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။(Xinhua)

———————————————
(English Version)
Syrian president, 1st lady test positive for COVID-19

DAMASCUS, March 8 (Xinhua) — Syrian President Bashar al-Assad and his wife Asma al-Assad were tested positive for COVID-19, state news agency SANA reported on Monday.
After experiencing some symptoms, the president and his wife took the PCR test and the result came positive even though they are in good and stable health, SANA said.
Assad and the first lady will be observing a quarantine between two to three weeks while continuing to carry out their work.
The president urged the people to observe safety measures to protect against the COVID-19 epidemic.

This comes at a time the COVID-19 cases in Syria are heading up amid warnings by medical staff that this wave is a strong one.
Syrian Health Ministry placed the overall number of infections since last March at 15,981 on Sunday, including 10,374 recoveries and 1,063 deaths. However, medical staff say the number is much higher as many people get the virus without doing the test.

Syrian President Bashar al-Assad meets Syrian soldiers in a military base in the town of Habit in the countryside of Idlib province in northwestern Syria on Oct. 22, 2019. (Xinhua/Syrian Presidency)