Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က COVID-19 ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုလုပ်ဆောင်ကြရန်တိုက်တွန်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်သည့် လုပ်ငန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပမာဏ တိုးချဲ့လုပ်ဆောင်ကာ လက်ရှိကမ္ဘာက လိုအပ်နေသော ကာကွယ်ဆေးထောက်ပံ့မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းသွားကြရန် မတ်လ ၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

ဂျီနီဗာ၌ ကျင်းပပြုလုပ်သော “ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါကာကွယ်ဆေး ထောက်ပံ့ရေးကွင်းဆက် နှင့် ကာကွယ်ဆေးထုတ်လုပ်မှု” ဆိုင်ရာ အွန်လိုင်းအစည်းအဝေး၌ Ngozi Okonjo-Iweala က လက်ရှိချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါကာကွယ်ဆေးထောက်ပံ့မှုက လိုအပ်ချက်ရှိနေပြီး ယခုချိန်ထိ နိုင်ငံနှင့်ဒေသပေါင်း ၁၃၀ ခန့်က COVID-19 ရောဂါကာကွယ်ဆေးကို စောင့်ဆိုင်းနေကြကြောင်း ၊ ယင်းကဲ့သို့ဖြစ်နေခြင်း မှာ သဘာဝမကျသည့် အပြင် ကပ်ရောဂါ အချိန်ကာလ ကို ပိုမိုကြာမြင့်စေမည်ဖြစ်ပြီး စီးပွားရေးကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ပြဿနာအား ပူးပေါင်း၍ ရင်ဆိုင်ဖြေရှင်းခြင်းသည် မိမိတို့လူများအားလုံး၏ အကျိုးစီးပွားနှင့်ကိုက်ညီမှုရှိသည်ဟု ပြောကြားခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မတ်လ ၉ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ထုတ်ပြန်ကြေညာချက်တွင် WTO ညွှန်ကြားရေးမှူးချုပ်က မိမိတို့အနေဖြင့် မဖြစ်မနေ COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်မှုကို တိုးချဲ့သွားရမည်ဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ နှင့် အသစ်ပေါ်ထွန်းလာသည့် ဈေးကွက်နိုင်ငံများတွင် ဖြစ်ကြောင်း ၊ ကာကွယ်ဆေးထုတ်လုပ်ခြင်း လုပ်ငန်းများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်း ၊ လုပ်ငန်းရှင်များအသင်းတို့နှင့် လက်တွဲကြိုးပမ်းကာ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုစွမ်းရည် မြှင့်တင်နိုင်မည့် နည်းလမ်းကို ရှာဖွေသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Ngozi Okonjo-Iweala က WHO ဦးဆောင်သော COVAX အစီအစဉ်ကြောင့် အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများက ပထမအသုတ်သော ကာကွယ်ဆေးများ လက်ခံရရှိခဲ့ကြသော်လည်း လက်ရှိကာကွယ်ဆေးထုတ်လုပ်နေသည့် ပမာဏ နှင့် လွှဲပြောင်းပေးအပ်သည့် ပမာဏမှာ နည်းပါးနေသေးကြောင်း ၊ ကာကွယ်ဆေးတိုးချဲ့ထုတ်လုပ်ရန်အတွက် အကန့်အသတ်ဖြစ်စေသော အကြောင်းအရင်း ၃ ခုရှိနေပြီး ၎င်းတို့မှာ ကုန်ကြမ်းလိုအပ်မှုရှိခြင်း ၊ သက်ဆိုင်ရာအတွေ့အကြုံရှိသော လုပ်ငန်းဆောင်ရွက်သူမပြည့်ဝခြင်း နှင့် အချို့သောနိုင်ငံများ၏ ပို့ကုန်ကန့်သတ်ချက် နှင့် တားမြစ်ချက်တို့၏ ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ပြဿနာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စာရင်းပြုစုချက်အရ ဖေဖော်ဝါရိလကုန်ပိုင်းအချိန်ထိ WTO အဖွဲ့ဝင်နိုင်ငံများအနက် ၅၉ နိုင်ငံက ကပ်ရောဂါဆိုင်ရာ ပို့ကုန်ကန့်သတ်ချက်များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။ WTO ညွှန်ကြားရေးမှူးချုပ် က WTO အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများအပေါ် စောင့်ကြည့်ခြင်းကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ ပို့ကုန်ဆိုင်ရာကန့်သတ်ချက်များကို လျှော့ချခြင်း နှင့် ပယ်ဖျက်ခြင်း ဆောင်ရွက်သွားကြရန်တိုက်တွန်းသွားမည်ဖြစ်ကာ လက်ရှိကြုံတွေ့နေရသော ကာကွယ်ဆေး ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ပြဿနာကို အစွမ်းကုန် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————
(Chinese Version)

(经济)世贸组织总干事呼吁新冠疫苗制造商在发展中国家增产

  新华社日内瓦3月9日电(记者凌馨)世界贸易组织总干事恩戈齐•奥孔乔-伊韦阿拉9日呼吁新冠疫苗制造商扩大在发展中国家的生产规模,以应对当前全球疫苗供应短缺问题。

  世贸组织在当天发布的新闻公报中说,奥孔乔-伊韦阿拉在日内瓦出席“全球新冠疫苗供应链和疫苗生产”线上会议时说,目前全球新冠疫苗供应短缺,仍有约130个国家和地区在等待疫苗到来,这不仅“不合情理”,而且会延长疫情,损害经济。“合作应对这个全球问题,符合我们所有人的利益。”

  “我们必须扩大新冠疫苗生产规模,尤其是在发展中国家和新兴市场国家。”奥孔乔-伊韦阿拉说。她表示,希望疫苗制造商与世卫组织、民间社会团体、企业协会等携手努力,找到扩大疫苗生产的办法。

  奥孔乔-伊韦阿拉说,得益于世卫组织等主导的“新冠肺炎疫苗实施计划”,部分发展中国家已收到第一批疫苗,但目前疫苗产量和交付量仍然较低。她认为,扩大疫苗生产存在3个制约因素:原材料短缺、有相关经验的人员不足、与部分国家出口限制和禁令等相关的供应链问题。
  世贸组织的统计显示,截至2月底,有59个世贸组织成员仍在实施与疫情相关的出口限制措施。奥孔乔-伊韦阿拉说,世贸组织将加强对成员贸易政策的跟踪,鼓励成员减少或取消出口限制,尽最大可能解决当前疫苗供应链存在的问题。(完)

Photo
  这是2020年7月15日,恩戈齐•奥孔乔-伊韦阿拉在位于瑞士日内瓦的世界贸易组织总部出席记者会。新华社发(李叶 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.