Connect with us

WORLD

ဇင်ဘာဘွေနိုင်ငံက တရုတ် Sinovac နှင့် ရုရှား Sputnik V ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ခွင့်ပြု

ဇင်ဘာဘွေနိုင်ငံဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Monica Mutsvangwa အား ဟာရာရီမြို့၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ဟာရာရီ ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် Sinovac နှင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်သုံးစွဲရန် ဇင်ဘာဘွေဆေးဝါးထိန်းချုပ်မှုအာဏာပိုင်အဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုချက်ကို ဇင်ဘာဘွေနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး Monica Mutsvangwa က မတ် ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်အား နိုင်ငံပိုင် Herald သတင်းစာက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ဇင်ဘာဘွေနိုင်ငံရှိ ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးနှံပေးရန် ဆန္ဒရှိပါက ဆေးဝါးဝယ်ယူရာတွင် နိုင်ငံအတွင်း မှတ်ပုံတင် ခွင့်ပြုချက်ရရှိထားသည့် ဆေးဝါးများကိုသာ ဝယ်ယူသုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း Mutsvangwa က ဆိုသည်။

ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး နှင့် အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ပေးထားပြီးဖြစ်သည်။

နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ပြီးခဲ့သော ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ရှေ့တန်းတွင်လုပ်ကိုင်နေကြသူများအား ဦးစားပေးထိုးနှံပေးခဲ့ကြောင်း နှင့် နိုင်ငံ့လူဦးရေ ၁၆ သန်းနီးပါး အနက် အနည်းဆုံး ၁၀ သန်း ကို ကာကွယ်ဆေးထိုးနှံပေးကာ လူအုပ်စုအကြား ခုခံအားစနစ်ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

 

————————————-
(English Version)
Zimbabwe approves emergency use of Chinese Sinovac, Russian Sputnik V vaccines
HARARE, March 10 (Xinhua) — The Medicines Control Authority of Zimbabwe has authorized the emergency use of the Chinese Sinovac and Russian Sputnik V vaccines as the country ramps up its COVID-19 inoculation program.
Information Minister Monica Mutsvangwa made the announcement on Tuesday in a briefing, the state-run Herald newspaper reported on Wednesday.
Zimbabwean private enterprises that wish to buy vaccines for their employees on their own are only allowed to procure vaccines registered in the country, Mutsvangwa said.
Zimbabwe has already authorized the emergency use of China’s Sinopharm vaccine and India’s Covaxin.
The country launched its COVID-19 vaccination campaign last month, starting with frontline workers, with the aim of inoculating at least 10 million of its nearly 16 million people to achieve herd immunity. Enditem

Zimbabwean Information Minister Monica Mutsvangwa is interviewed in Harare, Zimbabwe, on Feb. 11, 2021.