ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၁,၀၈၂,၀၀၀ က ၁,၁၀၇,၀၀၀ အထိတစ်ပတ်အတွင်း ကျပ် ၂၅,၀၀၀ တက်ခဲ့ကြောင်း ရွှေဈေးကွက်သတင်းများအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မော်လမြိုင်မြို့နယ် ၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝ အနီး စက်လှေများပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်အား ယနေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပြုံယမ်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြည့်စုံအောင်မြင်သော အနာဂတ် တစ်ခု ဖွင့်လှစ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာရေး တည်မြဲရေးအတွက် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇွန် ၂၀ ရက် မနက် ၁၁ နာရီခန့်က ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) တူရကီတရားရုံးတစ်ရုံးက ၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့သောမအောင်မြင်သည့် အာဏာသိမ်းမှုနှင့်ဆက်စပ် နေသည်ဟု သံသယရှိရသူ ၂၂၀ ဦးကို ကြီးမားသောပြစ်ဒဏ်စီရင်ချက်များ ဇွန်လ ၂၀ ရက်ကချမှတ်ခဲ့ ကြောင်း သိရသည်။