Connect with us

Economy

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ GDP အမြင့်ဆုံး ယွမ် ၁၀၀ ထရီလီယံထိ ရောက်ရှိခဲ့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့လယ်ရှိ Oriental Pearl မျှော်စင်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၂ ထရီလီယံ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအများအရ သိရသည်။

၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ၏ GDP သည် ယွမ် ၁၀၁.၅၉၈၆ ထရီလီယံရှိခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ၏ GDP နှစ်စဉ်တိုးတက်မှုနှုန်းသည် ၂.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၊ ယင်းမှာ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နစ်နာခဲ့ရသည့်နှစ်တစ်နှစ်တွင် အဓိကစီးပွားရေးလုပ်ငန်း ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရန်မျှော်လင့်ချက်ဖြစ် ကြောင်း အမျိုသားစာရင်းအင်းဗျူရို(NBS) ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်တွင် တရုတ် နိုင်ငံ၏ GDP တစ်ဦးချင်းဝင်ငွေသည် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ အထိ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်ရောက်ရှိခဲ့ပြီးနောက် အခက်အခဲများအကြားရရှိခဲ့သော အောင်မြင်မှုသည် တရုတ်နိုင်ငံစီးပွားရေးအတွက် သမိုင်းဝင် စီးပွားရေးမှတ်တိုင်သစ်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့သည်။

အားလုံးက လေးစားရသော အလယ်အလတ်ချမ်းသာကြွယ်ဝသည့် လူမှုအဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင် သမိုင်းဝင် အောင်မြင်မှုတစ်ခုရရှိအောင် ဆောင်ရွက်နေစဉ်အတွင်းမှာပင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်က နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အောင်မြင်စွာ စွမ်းဆောင်နိုင်သည့် တိုးတက်မှုများ ရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP တိုးတက်လာခြင်းနှင့်အတူ အခြေခံကျကျ ဆက်လက်ထိန်းသိမ်းရင်း တရုတ်နိုင်ငံသားတစ်ဦးချင်းစီ၏ဝင်ငွေသည် ယွမ် ၃၂,၁၈၉ ရှိခဲ့သဖြင့် တိုးတက်မှုနှုန်းမှာ ၂.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း NBS ၏ အချက်အလက်များအရ သိရသည်။(Xinhua)

—————————————————
(Englsh Version)

China’s GDP tops 100 trln yuan in 2020

BEIJING, Jan. 18 (Xinhua) — China’s gross domestic product (GDP) exceeded the 100-trillion-yuan (15.42 trillion U.S. dollars) threshold in 2020, official data showed Monday.

The country, which saw its GDP increase 2.3 percent year on year to 101.5986 trillion yuan last year, is expected to be the only major economy to post growth in the pandemic-ravaged year, according to the National Bureau of Statistics (NBS).

The hard-earned achievement marked a new economic milestone for the Chinese economy, after the country’s GDP per capita exceeded 10,000 U.S. dollars in 2019 for the first time in history.

The advance also came as the world’s second-largest economy won a decisive victory in poverty eradication last year while making historic achievements in the building of a moderately prosperous society in all respects.

In 2020, China’s per capita disposable income rose 2.1 percent to 32,189 yuan, basically keeping pace with the GDP increase, according to NBS data. Enditem

Photo caption- Aerial view of China, Shanghai’s Oriental Pearl tower.