Connect with us

North America

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါး အမေရိကန်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် ခြေလျင်ခရီးဖြင့် ဂွါတီမာလာကို ဖြတ်ကျော်

ဂွါတီမာလာနိုင်ငံ Izabalပြည်နယ်ရှိ တံတားတစ်ခုကို ဖြတ်သန်းသွားသော ရွှေ့ပြောင်းနေထိုင်သူများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗဟိုအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါးသည် ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာနယ်နိမိတ်တွင် ခြေလျင်ခရီးနှင်၍ မြောက်ဘက် မက္ကဆီကို နယ်စပ်သို့ ဦးတည်လျှောက်လှမ်းလာကြပြီဖြစ်ကြောင်း သိရသည်။ သူတို့သည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။

ဂွါတီမာလာအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက လူပေါင်း(၇,၀၀၀)မှ (၈,၀၀၀)ရှိသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် ဇန်နဝါရီ ၁၅ ရက်မှစ၍ ဂွါတီမာလာသို့ ဝင်ရောက်လာကြောင်း အတည်ပြုပြောကြားခဲ့သည်။ရွှေ့ပြောင်းနေထိုင်သည့် လူအုပ်ကြီးတွင် ထောင်နှင့်ချီသော ဟွန်ဒူးရပ်စ်လူမျိုးများ ပါဝင်ကြောင်း ရိုက်တာ သတင်းများအရ သိရသည်။ မြောက်ဘက်သို့ ဦးတည်လျှောက်လှမ်းနေသည့် ၎င်းတို့၏ခရီစဉ်သည် အတားအဆီးအထပ်ထပ်ရှိနေသော်လည်း ရွှေ့ပြောင်းနေထိုင်သည့်လူအုပ်ကြီးသည် အဆက်မပြတ်တိုးပွားနေသည်။

မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ Tijuanaတွင် အမျိုးသားတစ်ဦးက အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းအနားတွင် ရပ်ကြည့်နေသည်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငတ်မွတ်ခေါင်းပါးခြင်း၊ ခိုကိုးရာမဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းစသည့် ဘဝရှင်သန်မှုအန္တရာယ်အခက်အခဲတိုးပွားလာခြင်းတို့ကြောင့် ရွှေ့ပြောင်းနေထိုင်မည့်လူအုပ်ကြီးတွင် လိုက်ပါလာရခြင်းဖြစ်ကြောင်း အချို့က ဆိုသည်။ကလေး(၄)ယောက် မိခင် မာရီယာဂျေးဇစ်ဖရိုက်က ဟာရီကိန်းမုန်တိုင်းကြောင့် ခိုကိုးရာမဲ့အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ဆိုသည်။ “ကျွန်မတို့ ကလေးတွေကို မကျွေးမွေးနိုင်တော့ပါဘူး။ လူတွေ ထောင်နဲ့ချီပြီး အမိုးအကာမဲ့လမ်းမပေါ်မှာ နေထိုင်နေရတယ်။ ဒါကြောင့်မို့ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိပေမဲ့လည်း ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရတာပါ”ဟု ၎င်းက ဆိုသည်။

မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ Tijuanaတွင် အမျိုးသားတစ်ဦးက အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းအနားတွင် ရပ်ကြည့်နေသည်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုအစိုးရက နယ်စပ်တစ်လျှောက်တွင် စစ်တပ်နှင့်အကြမ်းဖက်နှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ ဖြန့်ကြက်နေရာချထားကြောင်း သိရသည်။ မက္ကဆီကိုနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လူစုခွဲနိုင်ကြောင်း မက္ကဆီကို အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အုံလိုက်ကျင်းလိုက် နယ်မြေပိုင်နက်အတွင်းသို့ ဝင်ရောက်မှုကို ကာကွယ်ရန် မက္ကဆီကိုနှင့် ဗဟိုအမေရိက နိုင်ငံများသည် လုံခြုံရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ မူဝါဒညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မက္ကဆီကို၊ ဟွန်ဒူးရပ်စ်နှင့် ဂွါတီမာလာအစိုးရတို့သည် ထောင်နှင့်ချီသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နေရာချထားပြီဖြစ်ကြောင်း သိရသည်။ ဂွါတီမာလာ စစ်တပ်က ဇန်နဝါရီ ၅ ရက်တွင် ရာနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဖန်းဆီးထိန်းသိမ်းထားကြောင်း ရိုက်တာ သတင်းများအရသိရသည်။ (Xinhua)

—————————————————
(Chinese Version)

近8000非法移民步行穿越危地马拉北上

Image Carouse
  新华社北京1月18日电(记者包雪琳)接近8000名中美洲国家移民17日在危地马拉境内步行北上,朝墨西哥边境方向进发。他们希望能够经由墨西哥进入美国。
危地马拉政府移民事务管理部门确认,7000至8000名非法移民15日以来陆续进入危地马拉
  路透社报道,移民队伍中有数以千计洪都拉斯人。北上行程虽然阻碍重重,移民队伍却不断壮大。
  一些人说,饥饿、无家可归等日益加剧的生存危机促使他们加入这个队伍。
  玛丽亚•赫苏斯•帕斯是4个孩子的母亲,他们一家人因飓风袭击无家可归。她说:“我们无法喂养孩子,数千人露宿街头……因而决定这样做,尽管知道可能丧命。”
 墨西哥政府已在边境部署军队和防暴警察。按照一名墨西哥官员的说法,墨方可能驱散试图入境的非法移民。
  墨西哥和中美洲多国已就安全和公共卫生政策协调配合,以防止大规模非法移民穿越边境。墨西哥、洪都拉斯和危地马拉政府已经部署数千名安全部队成员。路透社报道,危地马拉军方5日抓捕数百名非法移民。

图说1:2020年10月2日,一群移民步行经过危地马拉伊萨瓦尔省一处桥梁。(新华社发)
图说2:2019年1月10日,在墨西哥边境城市蒂华纳,一名男子在美墨边境墙边停留。(新华社记者辛悦卫摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.