ပြုံယမ်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ပြုံယမ်းမြို့တွင် ဇွန်လ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်က လူ ၂၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စင်း တူးမြောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ကလေး ၇ ဦးပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ ့(IRGC) က နိုင်ငံတောင်ပိုင်း Hormozgan ပြည်နယ်၌ အမေရိကန်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ယနေ့ ဇွန် ၂ဝ ရက် တွင် ပစ်ချခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကဖော်ပြခဲ့သည်။
နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအဝင် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့ နေ့လယ်၌ မီဒီယာသို့ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokနှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။