Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းမြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသရှိ လူများအားလုံးအတွက် Nucleic acid စစ်ဆေးမှု ဆောင်ရွက်ပေးသွားမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ တာရှင်းဒေသတွင် ဇန်နဝါရီ ၂၀ ရက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား Nucleic acid စစ်ဆေးမှု ပြုလုပ်ပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
တရုတ်နိုင်ငံ ပေကျင်းမြို့ အရှေ့ပိုင်း တုန်းချိန်ဒေသ နှင့် အနောက်ပိုင်း ရှီးချိန်ဒေသတို့၏ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု ညွှန်ကြားရေးအဖွဲ့ က လတ်တလောကာလအတွင်း ပြင်ပမှ COVID-19 ရောဂါ ဝင်ရောက်သည့် အန္တရာယ်မြင့်တက်လာသောကြောင့် ယင်းဒေသနှစ်ခုရှိ ပြည်သူလူထုများနှင့် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ အသက်အန္တရာယ်လုံခြုံရေးနှင့် ကျန်းမာရေး အာမခံချက် ရရှိစေရန်အတွက် ဇန်နဝါရီ ၂၂ ရက် နှင့် ၂၃ ရက်တွင် အဆိုပါဒေသရှိ လူများအားလုံးကို Nucleic acid စစ်ဆေးမှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းအချက်အလက်များအရ ယခုအကြိမ် COVID-19 ကပ်ရောဂါ ပြန့်ပွားမှု ပြန်လည်ဖြစ်ပွားလာချိန်တွင် အခြားဒေသမှ COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ၏ သွားလာလှုပ်ရှားခဲ့မှုက ပေကျင်းမြို့ ရှီးချိန်ဒေသ အထိ ဆက်စပ်မှု ရှိလာသဖြင့် ရှီးချိန်ဒေသတွင် သက်ဆိုင်ရာပတ်သက်ဆက်နွယ်သူများ နှင့် ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုတွေ့ရှိခဲ့သူ လှုပ်ရှားသွားလာခဲ့သော နေရာများနှင့် ဆက်စပ်မှုရှိသူ စုစုပေါင်း ၄၅၀,၀၀၀ ကျော်ကို ၄ သုတ်ခွဲ၍ Nucleic acid စစ်ဆေးမှု ပြုလုပ်ပေးခဲ့ရာ စစ်ဆေးမှုအဖြေအားလုံးက ကူးစက်ခံရခြင်း မတွေ့ရှိခဲ့ကြောင်း ၊ ရှေ့ဆက်၍ ရှီးချိန်ဒေသတွင် ဇန်နဝါရီ ၂၂ ရက် နှင့် ၂၃ ရက်တွင် ဒေသတွင်းရှိ လူများအားလုံးကို Nucleic acid စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး တုန်းချိန်ဒေသ တွင်လည်း အလားတူစစ်ဆေးမှုဆောင်ရွက်သွားမည်ဖြစ်ကာ လူများအား အသုတ်ခွဲ၍ ဒေသတွင်း၌ အဖွဲ့ဖွဲ့စည်းကာ စစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပေကျင်းမြို့ တုန်းချိန် နှင့် ရှီးချိန် ဒေသ သက်ဆိုင်ရာဌာနတို့က ယင်းဒေသရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့တည်ရှိရာ နေရာ၏ ဦးစီးဆောင်ရွက်မှုအလိုက် Nucleic acid စစ်ဆေးမှုတွင် အချိန်မီ ပါဝင်ဆောင်ရွက်ကြရန် သတိပေးခဲ့ကြောင်း ၊ ရောဂါစစ်ဆေးမှုတွင် ပါဝင်ဆောင်ရွက်စဉ်၌ ပြည်သူလူထုများအနေဖြင့် မှတ်ပုံတင် နှင့် ဖုန်း တို့အား ယူဆောင်လာရန် ၊ နှာခေါင်းစည်းအား ကောင်းမွန်စွာ ဝတ်ဆင်ရန် ၊ လူစုလူဝေး မဖြစ်အောင် ရှောင်ရှားရန် နှင့် မိမိ အသိစိတ်ဓာတ်ဖြင့် စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းကြရန် အကြံပြုခဲ့ကြောင်း သိရှိရသည်။ (Xinhua)
—————————
(Chinese Version)
(聚焦疫情防控)北京东西城组织区域内全员核酸检测
2021-01-22 12:12:55 分类: 社会
  新华社北京1月22日电(记者张漫子)北京市东城区、西城区22日发布通知,考虑到近期外部输入风险增大,为确保北京东西城区广大居民、驻区单位工作人员生命安全和身体健康,西城区新冠肺炎疫情防控工作领导小组、东城区新冠肺炎疫情防控工作领导小组决定于1月22日至1月23日组织区域内全员核酸检测。
  据介绍,本轮疫情发生以来,外区确诊病例活动轨迹涉及北京市西城区,西城区已先后组织四轮相关行业人员及确诊病例活动轨迹所涉相关人员核酸检测45万余人次,结果均为阴性。接下来,西城区将于1月22日至1月23日组织区域内全员核酸检测。东城区也将于1月22日至1月23日分批次在区域内组织核酸检测。
  两区相关部门提醒广大居民根据所在社区通知,驻区单位工作人员在单位统一组织下,根据所在街道通知,及时有序参加检测。参加检测时,建议居民携带本人身份证件和手机,佩戴好口罩,服从现场安排,不扎堆、不聚集,自觉维护秩序。(完)

Photo
1月20日,在北京市大兴区亦庄镇一处核酸检测点,医务人员为一位男士进行核酸检测采样。新华社记者 彭子洋 摄