Connect with us

CHINA

တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ပြည်ပမှဝင်ရောက်လာသော COVID-19 ကူးစက်မှုတွင် ဗီဇပြောင်းဗိုင်းရပ်စ်တွေ့ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ်ရှိ Binhai New Area တွင် COVID-19 စစ်ဆေးမှုအတွက် ဒေသခံတစ်ဦးထံမှ တို့ဖတ်နမူနာရယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် ကျန်းမာရေးတာဝန်ရှိသူများသည် မကြာသေးမီက မြို့အတွင်းသို့ ပြည်ပမှ ဝင်ရောက်လာသော COVID-19 ရောဂါကူးစက်မှုတစ်ခု၌ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာသည် တရုတ်လူမျိုးဖြစ်ပြီး ဇန်နဝါရီ ၇ ရက်က ပြင်သစ်နိုင်ငံမှ ထျန်းကျင်းမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူနာသည် လေယာဉ်မစီးမီ ဂါနာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း ထျန်းကျင်း မြူနီစီပယ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

ယင်းတွေ့ရှိမှုအပေါ် တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာက ပြန်လည်သုံးသပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ပျံ့နှံ့နေသော ဗီဇပြောင်းဗိုင်းရပ်စ်နှင့် အတူတူဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြောင်း စင်တာက ဆိုသည်။

၎င်းလူနာကို လေဆိပ်မှ ရောက်ရှိလာပြီးနောက် သီးသန့်ခွဲခြားထားရှိကြောင်း၊ ဇန်နဝါရီ ၉ ရက် ဗိုင်းရပ်စ် စစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိပြီး ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ ပြသကြောင်း သိရသည်။

အဆိုပါ လူနာသည် သတ်မှတ်ထားသော ဆေးရုံတစ်ခုတွင် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း၊ ၎င်းနှင့်အတူ လေယာဉ်တစ်စင်းတည်း လိုက်ပါလာသည့် ခရီးသည်များအားလုံးကိုလည်း ၁၄ ရက်ကြာ သီးခြားစောင့်ကြည့်ထားပြီးဖြစ်ကြောင်းနှင့် ၎င်းတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China’s Tianjin identifies mutant strain in imported COVID-19 case
Source: Xinhua| 2021-01-22 00:25:22|Editor: huaxia
TIANJIN, Jan. 21 (Xinhua) — Health authorities in north China’s Tianjin Municipality have identified the novel coronavirus behind one of the city’s recent imported COVID-19 cases as the mutant strain first found in Britain.
The patient, a Chinese national, arrived in Tianjin from France on Jan. 7. The patient had lived in Ghana before taking the flight, according to the Tianjin municipal center for disease control and prevention.
The center said Thursday that the Chinese Center for Disease Control and Prevention reviewed the finding and concluded it was the same mutant strain spreading in Britain.
The patient was put under centralized isolation upon arrival and was confirmed as a COVID-19 case on Jan. 9 after testing positive for the virus and showing symptoms of fever and cough.
The patient is receiving medical treatment in a designated hospital.
All passengers aboard the same flight with the person have been placed under 14-day isolated observation and have tested negative for COVID-19. Enditem
A health worker takes a swab sample from a resident for COVID-19 test in the Binhai New Area in north China’s Tianjin Municipality, Nov. 21, 2020. (Xinhua/Zhao Zishuo)