Connect with us

WORLD

ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် အမေရိကန်နိုင်ငံ ဆက်လက်တည်ရှိမည့် ကြေညာချက်ကို ကြိုဆိုကြောင်း Tedros ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကို တွေ့ရစဉ် (ဓာတ်ပုံ - WHO/Handout via Xinhua)

ဂျီနီဗာ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်
အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိမည့် ကတိပြုချက်ကို ကြိုဆိုကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“WHO သည် နိုင်ငံများ၏ မိသားစုတစ်ခုပါ။ ဒီမိသားစုအတွင်း အမေရိကန်နိုင်ငံ ရှိနေတဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းသာပါတယ်” ဟု အမေရိကန်နိုင်ငံ၏ ကိုယ်စားလှယ်အသစ် Anthony Fauci ၏ ကြေညာချက်ပြီးနောက် WHO အကြီးအကဲက ၁၄၈ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ်ကို တွေ့ရစဉ် (ဆင်ဟွာ)
WHO အဖွဲ့ဝင်နိုင်ငံအားလုံးကဲ့သို့ အမေရိကန်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေး ဆက်လက်ဆောင်ရွက်ရန် WHO အနေဖြင့် မျှော်လင့်ကြောင်း Tedros က ဖြည့်စွက်ပြောခဲ့သည်။

“နိုင်ငံအားလုံးအနေနဲ့ ၂၀၂၁ ခုနှစ်ရဲ့ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်း ကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံခြင်းစတင်နိုင်ရေး မိသားစုတစ်ခုအနေဖြင့် ကျွန်တော်တို့ အတူတူလုပ်ဆောင်ရပါမယ်။ ခင်ဗျားတို့ရဲ့ ကတိနဲ့အတူ ကျွန်တော်တို့ ခြေတစ်လှမ်း ပိုနီးလာပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

ဥရောပသမဂ္ဂ ကလည်း WHO ကို ပံ့ပိုးမည့် အမေရိကန်နိုင်ငံ၏ ကြေညာချက်ကို ဇန်နဝါရီ ၂၁ ရက် က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က WHO မှ နုတ်ထွက်ရန် ယခင်အစိုးရ၏ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းကြောင်းစာများကို ဇန်နဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစာများကို ကုလသမဂ္ဂထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း Fauci က WHO အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး၌ ဇန်နဝါရီ ၂၁ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ဆက်ရှိနေကြောင်း ကြေညာရတာ ဂုဏ်ယူပါတယ်” ဟု Fauci က ပြောခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် WHO က နုတ်ထွက်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူမှာ ထိတ်လန့်ဖွယ် အရေအတွက်အဖြစ် ၄၀၀,၀၀၀ ကျော်သွားခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူ သန်း ၉၀ အထိ ရောက်ရှိလာခဲ့ချိန်တွင် သမ္မတ ဘိုင်ဒန်၏ ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် အစိုးရအသစ်အနေဖြင့် ယင်းနေ့နှောင်းပိုင်းတွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ၎င်းညွှန်ကြားချက်၌ အမေရိကန်နိုင်ငံအနေဖြင့် WHO ဦးဆောင်၍ ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးများ သာတူညီမျှစွာ ရရှိရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသော COVAX အဖွဲ့သို့ ပါဝင်ရန် ရည်ရွယ်ချက်လည်း အပါအဝင်ဖြစ်ကြောင်း Fauci က WHO သို့ ဇန်နဝါရီ ၂၁ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua) …………………………………

(English Version)
Tedros welcomes U.S. announcement to maintain membership in WHO
Source: Xinhua| 2021-01-22 02:00:23|Editor: huaxia

“WHO is a family of nations. And we are all glad that the United States is staying in the family,” said the WHO chief.
“We must work together as one family to ensure all countries can start vaccinating health workers and other high-risk groups in the first 100 days of 2021. With your commitment, we are one step closer,” he said.
GENEVA, Jan. 21 (Xinhua) — World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus said on Thursday that the organization welcomed the pledge that the United States will remain a member of the WHO.
“WHO is a family of nations. And we are all glad that the United States is staying in the family,” the WHO chief said at the on-going meeting of the 148th session of the WHO Executive Board, following an announcement by Anthony Fauci, new representative of the United States, at the meeting.
Tedros added that the WHO looked forward to continuing the partnership with the United States as all member states do.
“We must work together as one family to ensure all countries can start vaccinating health workers and other high-risk groups in the first 100 days of 2021. With your commitment, we are one step closer,” he said.
The European Union on Thursday also welcomed the announcement made by the United States of their support to WHO.
Earlier on Thursday, Fauci told the WHO Executive Board meeting that on Jan. 20, U.S. President Joe Biden signed letters retracting the previous administration’s announcement to withdraw from the WHO, and those letters have been transmitted to the UN.
“I am honored to announce that the United States will remain a member of the World Health Organization,” said Fauci.
Former U.S. President Donald Trump announced on May 29, 2020 that the United States would withdraw from the WHO.
Biden’s decision comes at a time when the number of confirmed COVID-19 deaths in the United States has surpassed the grim milestone of 400,000 and the global number of people infected by the virus has reached 90 million.
At Thursday’s meeting, Fauci also told the WHO that the new U.S. administration will issue a directive later in the day, which will include the intent of the United States to join COVAX, a WHO-led initiative aimed at ensuring equitable global access to COVID-19 vaccines.

1-World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus speaks at the 73rd World Health Assembly (WHA) at the WHO headquarters in Geneva, Switzerland, May 18, 2020. (WHO/Handout via Xinhua)
2- Photo taken on Jan. 30, 2020 shows the headquarters of the World Health Organization (WHO) in Geneva, Switzerland. (Xinhua/Chen Junxia)■