ဂျကာတာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးသမားများက Sriwijaya Air လေကြောင်းကုမ္ပဏီမှ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ရုပ်အလောင်းအချို့ကို ဆယ်ယူထားပြီးဖြစ်ကြောင်း ၊ ယင်းရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ရန် အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီ...
ပြုံယမ်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်အား အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ၈ ကြိမ်မြောက်ပါတီညီလာခံတွင် ပါတီ၏အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း KCNA သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ်တို့သည် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာအား ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။