Connect with us

Social

တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စတင်ခြင်းအခမ်းအနားကျင်းပ

ပြည်ထောင်စုဝန်ကြီးဒေါက်မြင့်ထွေး အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေးစီမံကိန်းသည် မြန်မာနိုင်ငံ၏ ခေတ်မီကျွမ်းကျင်မှု အရည်အချင်းအမြင့်ဆုံး ရောဂါထိန်းချုပ်ဗဟိုဌာန ဖြစ်လာမည်ဖြစ်ပြီး ၎င်းတွင် ရောဂါထိန်းချုပ်ရေးဗဟိုဌာနအဆောင်၊ လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်၊ ပြင်ပဆောက်လုပ်ရေးနဲ့ တွဲဖက်လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းများပါဝင်ကြောင်းသိရသည်။’

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

အမှတ်တရလက်ဆောင်ပေးအပ်စဉ် (ဆင်ဟွာ)

အမှတ်တရလက်ဆောင်ပေးအပ်စဉ် (ဆင်ဟွာ) 

မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ) 

အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး) 

ယင်းသင်တန်းကျောင်းကို တရုတ်နိုင်ငံက ၂ နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုပေးပြီး မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများ မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အသည်းရောင်အသားဝါ ဘီပိုးနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးများ အကြိမ်များစွာ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ၊ နတ်မောက်ဆေးရုံ စသည့်အဖွဲ့အစည်းများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးခဲ့ကြောင်း၊ မန္တလေးစသည့်ဒေသများတွင် COVID-19 ဗိုင်းရပ်စ်စမ်းသပ်ရေး ဓာတ်ခွဲခန်းများ ကူညီတည်ဆောက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးအခြေခံအဆောက်အအုံ အရည်အသွေးမြှင့်တင်ပေးကာ ကျန်းမာရေးကဏ္ဍ လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးခဲ့ကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းသည် သိပ္ပံသုတေသန၊ ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လူရည်ချွန်မွေးထုတ်ရေး စသည့်ကဏ္ဍများတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပြီး နှစ်နိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံပြည်သူများကို ဆောလျင်စွာနှင့် များစွာအကျိုးခံစားရစေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.