Connect with us

Europe

ဗြိတိန်နိုင်ငံ ဘုရင်မကြီး နှင့် ကြင်ယာတော် မြို့စားကြီးတို့ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ

ဗြိတိန်ဘုရင်မကြီး၏ သက်တော် ၉၀ ပြည့်မွေးနေ့ဖြစ်သော ၂၀၁၆ ခုနှစ် ဇွန် ၁၁ တွင် ဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ် တို့ ဘက်ကင်ဟမ်နန်းတော်မှ မြင်းရထားစီး၍ တိုင်းခန်းလှည့်လည်လာစဉ်(ဆင်ဟွာ)

လန်ဒန်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ်တို့သည် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို တော်ဝင်ဇနီးမောင်နှံ သီးခြားခွဲနေထိုင်မှု ပြုလုပ်လျက်ရှိသော ဝင်ဆာရဲတိုက်(Windsor Caslte)၌ ဇန်နဝါရီ ၉ ရက်တွင် အိမ်တော်ဆရာဝန်တစ်ဦးက ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်မိသားစုသတင်းအရင်းအမြစ်တစ်ဦးကို ကိုးကား၍ ဗြိတိန်မီဒီယာက ယင်းနေ့တွင် သတင်းဖော်ပြခဲ့သည်။

ဘုရင်မကြီးသည် ဖြစ်လာနိုင်သောအခြေအနေကို ကြိုတင်ကာကွယ်ရန် အလို့ငှာ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အရင်းအမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ COVID-19 ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးပြီးဖြစ်သော ဗြိတိန်ပြည်သူ ၁.၅ သန်းထဲတွင် သက်တော် ၉၄ နှစ်အရွယ် ဘုရင်မကြီး နှင့် သက်တော် ၉၉ နှစ်အရွယ် မင်းသားကြီးဖီးလစ်တို့နှစ်ဦးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံတွင် အသက် ၈၀ နှစ်အထက် လူအုပ်စုကို ကာကွယ်ဆေးထိုးနှံမှု ပထမဦးစားပေးအုပ်စုဝင်အဖြစ် သတ်မှတ်၍ ကာကွယ်ဆေးများ ဦးစွာထိုးနှံပေးလျက်ရှိသည်။ ဘုရင်မကြီး နှင့် ကြင်ယာတော်မင်းသားကြီးတို့သည် မည်သည့်ကိုဗစ်ကာကွယ်ဆေးအမျိုးအစား ထိုးနှံမှု ခံယူခဲ့သည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူသည် စံချိန်တင်မြင့်တက်နေသလို နိုင်ငံအတွင်း အတည်ပြုလူနာအရေအတွက်သည်လည်း နေ့စဉ်မြင့်တက်လျက်ရှိကြောင်း ၊ ပြီးခဲ့သော ဇန်နဝါရီ ၈ ရက်သည် ကပ်ရောဂါဖြစ်ပွားချိန်မှစတင်ကာ တစ်ရက်အတွင်း အတည်ပြုလူနာအရေအတွက် အများဆုံးတွေ့ရှိသည့် နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း နှင့် ယင်းနေ့မှာပင် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို ဗြိတိန်နိုင်ငံအတွင်းအသုံးပြုရန် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်အထိ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း သုံးသန်းကျော် (၃,၀၁၇,၄၀၉) ဦး ရှိခဲ့ကြောင်း သိရသည်။
လူမှုဘဝပုံမှန်အခြေအနေပြန်လည်ရောက်ရှိစေရန်အတွက် ဗြိတိန်၊ တရုတ် ၊ ဂျာမနီ ၊ ရုရှား နှင့် အမေရိကန် ကဲ့သို့သော နိုင်ငံကြီးများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)
—————————————-
(English Version)
Britain’s Queen, Duke of Edinburgh have COVID-19 vaccinations
ONDON, Jan. 10 (Xinhua) — Britain’s Queen Elizabeth II and her husband, the Duke of Edinburgh, have received COVID-19 vaccinations, Buckingham Palace has said.
The vaccinations were administered on Saturday by a household doctor at Windsor Castle where the royal couple have been spending the lockdown, British media reported Saturday, citing a royal source.
The source added the Queen decided to let it be known she had the vaccination to prevent further speculation.
The Queen, 94, and Prince Philip, 99, are among around 1.5 million people in Britain to have had at least one dose of a COVID-19 vaccine so far.
People aged over 80 in Britain are among the high-priority groups who are being given the vaccine first.
It has not been disclosed which of the vaccines the royal couple have received.
On Friday, a third coronavirus vaccine was approved for use in the country, as Britain recorded the highest number of coronavirus deaths, as well as the highest daily increase of cases, on a single day since the pandemic began in the country.
The total number of coronavirus cases in the country reached 3,017,409 by Saturday.
To bring life back to normal, countries such as Britain, China, Germany, Russia and the United States have been racing against time to develop coronavirus vaccines.
Britain’s Queen Elizabeth II and her husband Prince Philip are seen on a carriage to Buckingham Palace during the Queen’s 90th birthday celebrations in London, Britain on June 11, 2016. (Xinhua/Han Yan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.