Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် အာဏာရအလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရ

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် မြောက်ကိုရီးယားအလုပ်သမားပါတီအထွေထွေအတွင်းရေးမှူးချုပ်ကင်ဂျုံအန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်အား အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ၈ ကြိမ်မြောက်ပါတီညီလာခံတွင် ပါတီ၏အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း KCNA သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် သတင်းဖော်ပြခဲ့သည်။

“ ၈ကြိမ်မြောက်ပါတီညီလာခံက အမြင့်ဆုံးလေးစားထောက်ခံမှုနဲ့ ကင်ဂျုံအန်ကို အလုပ်သမားပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု KCNA သတင်းတွင်ဖော်ပြထားသည်။မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ လက်ရှိ ကျင်းပဆဲညီလာခံ၏ ၆ ရက်မြောက်အစည်းအဝေးနေ့ဖြစ်သော ဇန်နဝါရီ ၁၀ ရက်တွင် ကင်ဂျုံအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် မဲပေးရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

ပါတီ၏ “ အမှုဆောင်မူဝါဒကောင်စီကို အတွင်းရေးမှူးအဖွဲ့” အဖြစ် ပြောင်းလဲခေါ်ဆိုရန် ညီလာခံက ဇန်နဝါရီ ၁၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ “ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိအသုံးအနှုန်းဖြစ်တဲ့ ဥက္ကဌ နဲ့ ဒုတိယဥက္ကဌ ဆိုတဲ့ ရာထူးအသုံးအနှုန်းတွေကို ဟိုးယခင်က သုံးခဲ့ဖူးတဲ့ အတွင်းရေးမှူးချုပ် နဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဆိုတဲ့အသုံးအနှုန်းနဲ့ စတင် အစားထိုးပြောင်းလဲသုံးစွဲရင်း ပါတီကို တာဝန်ရှိရှိနဲ့ ရှေ့ဆက် ဦးဆောင်ဦးရွက်ပြုဖို့ ပဲဖြစ်ပါတယ် ” ဟု သတင်းတွင်ဖော်ပြထားသည်။

ထို့ပြင် ပါတီညီလာခံကို ၇ ရက်မြောက်နေ့အဖြစ် ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သတင်းက ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ၏ ၇ ကြိမ်မြောက်ပါတီညီလာခံကို ၂၀၁၆ ခုနှစ် မေလတွင်ကျင်းပခဲ့ပြီး ထိုစဉ်က လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

——————————————
(English Version)

DPRK leader Kim Jong Un elected as general secretary of ruling party

PYONGYANG, Jan. 11 (Xinhua) — The Democratic People’s Republic of Korea has endorsed its top leader Kim Jong Un as the general secretary of the ruling Workers’ Party of Korea at its eighth party congress, the official Korean Central News Agency reported on Monday.

“The eighth congress … decides to hold Kim Jong Un in high esteem as the general secretary of the Workers’ Party Korea,” the report said.
The election took place at the sixth-day session of the ongoing party congress in Pyongyang on Sunday, it said.

On Sunday, the congress decided to change the party’s “Executive Policy Council into Secretariat.” The decision would lead to party officials to relinquish the current titles such as chairman and vice chairman and start using old titles such as secretary or vice secretary.
The report said the congress was to continue with a seventh-day session on Monday.
The 7th party congress took place in May 2016, and ran for four days. Enditem