Connect with us

Asia

ပျက်ကျသွားသည့် လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူ

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးသမားများက Sriwijaya Air လေကြောင်းကုမ္ပဏီမှ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ရုပ်အလောင်းအချို့ကို ဆယ်ယူထားပြီးဖြစ်ကြောင်း ၊ ယင်းရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ရန် အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ပျက်ကျသွားသည့်လေယာဉ်တွင် လိုက်ပါသွားသူ ခရီးသည်များ၏ မိသားစုဝင်များအနေဖြင့် အင်ဒိုအမျိုးသားရဲတပ်ဖွဲ့ဆေးရုံသို့သွားရောက်၍ သေဆုံးသူများ၏ရုပ်အလောင်းမှာ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသိနိုင်ရန် အချက်အလက်နှင့်ပစ္စည်းအထောက်အထားများကို ကူညီခွဲခြားပေးကြရန် ဂျကာတာ ရဲတပ်ဖွဲ့ ကျန်းမာရေးဌာန တာဝန်ခံ အိုမာက ယင်းနေ့ ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အကူအညီတောင်းခံပြောကြားခဲ့သည်။

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ စစ်တပ်၊ အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှုအဖွဲ့တို့နှင့်အတူ ပူးပေါင်းက အချင်းဖြစ်ပင်လယ်ပြင်၌ ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးသမားများက ဂျကာတာ Thousand Islandsတစ်ဝိုက်ရှိ Laki ကျွန်းအနီးပင်လယ်ပြင်တွင် သေဆုံးသူများ၏ပစ္စည်းဟု ယူဆရသည့် အဝတ်အစားများနှင့် လေယာဉ်အပိုင်းအစအချို့ကို ဆယ်ယူရရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး အရာရှိတစ်ဦးက ဆိုသည်။

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားရေတပ်သည် ပျက်ကျသွားသည်ခရီးသည်တင်လေယာဉ်မှ ထုတ်လွှင့်သည့် အချက်ပြမှုကို ရရှိထားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရေငုပ်သမားများက ရေထဲဆင်း၍ အတည်ပြုရန် လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှား စစ်ဦးစီးချုပ် Hadi Tjahjantoက ဆိုသည်။အင်ဒိုနီးရှားမီဒီယာ၏သတင်းများအရ အချင်းဖြစ်ပွားသည့် ပင်လယ်ပြင်သည် ရာသီဥတုကြမ်းတမ်းမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်ကြုံနေရကြောင်း သိရသည်။ အင်ဒိုနီးရှား မိုးဇလဌာနကလည်း ဇန်နဝါရီ ၁၀ ရက် Thousand Islandsတစ်ဝိုက်တွင် မိုးကြီးလေကြီးမှု ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် ၁၄ နာရီ ၃၆ မိနစ်တွင် Sriwijaya Air လေကြောင်းကုမ္ပဏီမှ ခရီးသည် (၆၂)ဦး တင်ဆောင်သွားသည့် ဘိုးရင်း ၇၃၇-၅၀၀ ခရီးသည်တင်လေယာဉ်သည် ဂျကာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ ဦးတည် ပျံသန်းသွားစဉ် ၁၄ နာရီ ၄၀ မိနစ်ခန့်တွင် မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဂျကာတာ Thousand Islandsတစ်ဝိုက်ပင်လယ်ပြင်တွင် ပျက်ကျသွားသည်ကို တွေ့ရှိရကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သတင်းများအရ လေယာဉ်ပေါ်တွင် နိုင်ငံခြားသားလိုက်ပါမှုမရှိဟု အင်ဒိုနီးရှားဘက်က ကနဦးအတည်ပြုထားကြောင်း သိရသည်။

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပျက်ကျသွားသည့်လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ ရုပ်လောင်းအချို့ကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဆယ်ယူခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Sriwijaya Air လေကြောင်းကုမ္ပဏီ၏ ရုံးချုပ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင်ရှိရာ ပြည်တွင်းလေကြောင်းလိုင်း အဓိက ပြေးဆွဲပြီး ပြည်ပလေကြောင်းလိုင်း အနည်းငယ်ပြေးဆွဲမှုရှိကြောင်း သိရသည်။ ပျက်ကျသွားသည့် ခရီးသည်တင်လေယာဉ်သည် ၁၉၉၄ ခုနှစ် မေလတွင် စတင်စမ်းသပ်ပျံသန်းမောင်းနှင်ခဲ့ပြီး Sriwijaya Air ကုမ္ပဏီကို ရောက်ရှိသည်မှာ (၈)နှစ်ကြာရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————
(Chinese Version)

(国际)印尼搜救人员打捞起失事客机部分遇难者遗体

新华社雅加达1月10日电(记者余谦梁 郑世波)印度尼西亚警方10日说,印尼搜救人员已打捞起印尼三佛齐航空公司失事客机部分遇难者遗体,并将其运往印尼国家警察医院接受尸检化验。
 雅加达警察局卫生部门负责人奥马尔当日通过电视直播,呼吁失事客机乘客家属尽快前往印尼国家警察医院,提交能够协助辨认遇难者身份的信息和物品。
印尼国家搜救局联合印尼交通部、印尼军方和印尼国家交通安全委员会正在事发海域展开救援行动。印尼国家搜救局官员说,搜救人员在雅加达千岛群岛区域的拉基岛附近海域打捞起疑似遇难者的衣物和飞机残骸。
 印尼国民军总司令哈迪对当地媒体表示,印尼海军已捕捉到疑似失事客机发出的信号,目前潜水员正下水确认。
 另据印尼媒体报道,事发海域天气恶劣,给搜救行动带来困难。印尼气象、气候和地球物理局预计千岛群岛区域10日有降雨和大风天气。
  当地时间9日14时36分,印尼三佛齐航空公司这架载有62人的波音737-500客机从雅加达国际机场起飞,前往西加里曼丹省首府坤甸,14时40分左右与地面失去联系,之后被发现坠毁在雅加达千岛群岛区域海域。据中国驻印尼大使馆消息,印尼方表示经初步核实机上没有非印尼籍乘客。
三佛齐航空公司总部位于印尼雅加达,主要营运国内航线及少量国际航线。据了解,这架失事客机于1994年5月试飞,加入三佛齐航空机队8年。(完)
图说:
新华社照片,雅加达,2021年1月10日
印尼搜救人员打捞起失事客机部分遇难者遗体