ABOARD XUELONG ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်းသင်္ဘော Xuelong သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ရှောင်ရှားရန် တောင်သမုဒ္ဒရာအတွင်းရှိ ပေါလောမျောနေသည့် ရေခဲပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ အလယ်ပိုင်း Galkayo မြို့တွင် နိုဝင်ဘာလ ၂၆ ရက် အစောပိုင်းက အယ်လ်-ရှာဘတ် စစ်သွေးကြွများ၏ လက်ချက်ဟု သံသယရှိထားသော ကားဗုံးပေါက်ကွဲမှုတစ်ခုနှင့် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ နေအိမ်အား တိုက်ခိုက်မှုဖြစ်ပွားမှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားလူပေါင်းများစွာ...
ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးတွင် ကျင်းပနေသော လယ်ယာစိုက်ပျိုးရေးပြပွဲ တစ်ခု၌ နှစ်ပေါင်း ၂၀ ကြာ အေးခဲသိုလှောင်ထားသော သန္ဓေသားမှ မွေးဖွားထားသည့် သိုးအမွှာနှစ်ကောင်အား ပြသခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂအထူးထိပ်သီး အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းနေသည့် တစ် နှစ်ကျော်...