Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြင့် ရောဂါပြန်လည်ကူးစက်ခံရကြောင်း ပထမဆုံးတွေ့ရှိ

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ COVID-19 ရောဂါစစ်ဆေးရေးနေရာတစ်ခုတွင် အလုပ်လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရာဇီးနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ကမ္ဘာပေါ်တွင် E484K ခေါ် ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သစ်ဖြင့် ပထမဆုံး ရောဂါပြန်လည်ကူးစက်ခံရသူဖြစ်လာကြောင်း နိုင်ငံပိုင် Agencia Brasil သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဘာဟီးရားပြည်နယ် အရှေ့မြောက်ပိုင်းရှိ D’Or သုတေသနနှင့် ပညာရေး အင်စတီကျုမှ သုတေသီများက တွေ့ရှိခဲ့သည့် အဆိုပါကူးစက်မှုမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မေလက COVID-19 ကူးစက်ခံခဲ့ရပြီး အောက်တိုဘာလတွင် ထပ်မံ၍ သန္ဓေပြောင်းဗိုင်းရပ်စ်မူကွဲ ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ကူးစက်မှုနှစ်ကြိမ်လုံးတွင် အဆိုပါလူနာသည် ပြင်းထန်သည့်ရောဂါလက္ခဏာ ပြသခြင်းမရှိကြောင်း သိရသည်။

တောင်အာဖရိကတွင် ကနဦးတွေ့ရှိခဲ့သော ဗီဇပြောင်း E484K ဗိုင်းရပ်စ်ကို ယခင်က ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း ယခုကူးစက်မှုသည် အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ပထမဆုံးပြန်လည်ကူးစက်ခံရခြင်း ဖြစ်သည်။

ဗိုင်းရပ်စ် ဗီဇပြောင်းခြင်းသည် လူနာများအားကုသရာတွင် ပဋိပစ္စည်းများ၏ သက်ရောက်မှုကို တားဆီးနိုင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သဖြင့် အဆိုပါ တွေ့ရှိမှုအပေါ် D’Or အင်စတီကျုမှ သုတေသီများက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။

“ယခုရှာဖွေတွေ့ရှိမှုက လူချင်းခပ်ခွာခွာနေခြင်းစတဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးဆောင်ရွက်ချက်များ ကိုထိန်းသိမ်းဖို့နဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဖို့ လိုအပ်ကြောင်း သတိပေးမှုတွေနဲ့ တွန်းအားပေးမှုတွေ ဖြစ်စေခဲ့တယ်” ဟု အင်စတီကျုမှ သုတေသီ Bruno Solano က သတိပေးခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ဗီဇပြောင်း COVID-19 အနည်းဆုံး ငါးမျိုးတွေ့ရှိထားကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)
Brazil detects first case of re-infection with coronavirus variant
Source: Xinhua| 2021-01-09 11:36:20|Editor: huaxia
Originally identified in South Africa, the E484K mutation has been previously detected in Brazil, but this is the first case of re-infection with it.
RIO DE JANEIRO, Jan. 8 (Xinhua) — A Brazilian woman has become the first person in the world to be re-infected with a variant of the novel coronavirus known as E484K, state-run news agency Agencia Brasil reported on Friday.
The case, discovered by researchers from the D’Or Institute for Research and Education in northeast Bahia, involves a 45-year-old woman who tested positive for COVID-19 in May and tested positive again in October with the mutation. In both cases, the patient did not present serious symptoms.
Originally identified in South Africa, the E484K mutation has been previously detected in Brazil, but this is the first case of re-infection with it.
Researchers at the D’Or Institute expressed concern over the discovery, since the mutation may entail alterations that can prevent the action of antibodies from treating patients.
“The discovery serves as an alert and reinforces the need to maintain pandemic control measures through social distancing, and the need to accelerate the vaccination process,” warned institute researcher Bruno Solano.
In Brazil, at least five variants of COVID-19 have already been discovered. ■
A medic works at a COVID-19 drive-thru testing site in Sao Paulo, Brazil, July 31, 2020. (Photo by Rahel Patrasso/Xinhua)