Connect with us

CHINA

နှင်းမုန်တိုင်းကြားမှ သူရဲကောင်းများ — အရိုးခိုက်အောင်အေးသော ရာသီဥတုကြားမှ လိုအပ်သူများကို ကူညီပေးနေသည့် ကပ်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ Dalian Ocean တက္ကသိုလ် အဆောင်များတွင် နေထိုင်သူများထံ ကူးစက်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများက အထောက်အပံ့ပစ္စည်းများ ပို့ဆောင်နေစဉ် (ဓာတ်ပုံ- Dalian Ocean University/Handout via Xinhua)

 

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ရေခဲဖုံးလွှမ်းနေသော လမ်းမပေါ်တွင် အခြားသူများအတွက် အစားအစာများနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို တင်ဆောင်ထားသည့် သုံးဘီးဆိုက်ကယ်တစ်စီးကို ဒယိမ်းဒယိုင်ဖြင့် တအိအိ တွန်းနေကြသော ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်စု၏ ဓာတ်ပုံများက အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပြီး အအေးလှိုင်းဒဏ် ကြုံတွေ့ခံစားနေရသည့် တရုတ်နိုင်ငံတွင် မြင်တွေ့ရသူများ၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။

အဆိုပါ လူပုဂ္ဂိုလ်များသည် ကူးစက်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ Dalian Ocean တက္ကသိုလ်ရှိ အဆောင်နေကျောင်းသားများထံ နေ့စဉ်သုံးပစ္စည်းများနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများကို ဇန်နဝါရီ ၆ ရက်က ပို့ဆောင်နေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ Dalian Ocean တက္ကသိုလ် အဆောင်များတွင် နေထိုင်သူများထံ ကူးစက်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများက အထောက်အပံ့ပစ္စည်းများ ပို့ဆောင်နေစဉ် (ဓာတ်ပုံ- Dalian Ocean University/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ Dalian Ocean တက္ကသိုလ် အဆောင်များတွင် နေထိုင်သူများထံ အစားအသောက်များပို့ဆောင်ရန် ပြင်ဆင်နေသော စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- Dalian Ocean University/Handout via Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်မြို့ရှိ Dalian Ocean တက္ကသိုလ်မှ ၁၇ ဦး ပါဝင်သော ကူးစက်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ- Dalian Ocean University/Handout via Xinhua)

ကျောင်း၏ အဆိုအရ COVID-19 နောက်ဆုံးအကျော့ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က တက္ကသိုလ်ပရဝုဏ်ကို ပိတ်ထားကာ စီမံခန့်ခွဲမှုများကိုဆောင်ရွက်ခဲ့ကြောင်း ၊ ထိုနေရာတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသားဦးရေ ၁၃,၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း၊ တက္ကသိုလ်အနေဖြင့် အစားအစာသုံးနပ်စာ၊ နေ့စဉ်မရှိမဖြစ် အသုံးအဆောင်များ၊ ကူးစက်ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ပစ္စည်းကို အဆောင်များသို့ ပို့ဆောင်ရန် စေတနာ့ဝန်ထမ်းများကို စုစည်းခဲ့ကြောင်း သိရသည်။
အဆိုပါ စေတနာ့ဝန်ထမ်းအဖွဲသို့ ပျမ်းမျှအသက်အရွယ် ၁၉ နှစ်ခန့်ရှိသော ငယ်ရွယ်သူ ၁၇ ဦး ပါဝင်လာခဲ့သည်။
ရာသီဥတုခန့်မှန်းချက်အရ ဇန်နဝါရီ ၆ ရက်က တာ့လျန်မြို့တွင် ဆီးနှင်းကျဆင်းမှုပမာဏသည် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ၈.၁ မီလီမီတာအထိ ရှိကြောင်း သိရသည်။

ထို့ကြောင့် လမ်းမမှာ ရေခဲဖုံးလွှမ်းနေကာ လမ်းချော်နေပြီး ယာဉ်မောင်းနှင်၍မရနိုင်သဖြင့် စေတနာ့ဝန်ထမ်းများက ဆီးနှင်းများနှင့် အေးစက်သောလေတိုက်ခတ်မှုကို မမှုဘဲ ၎င်းတို့ကိုယ်တိုင် သုံးဘီးဆိုင်ကယ်ကို တွန်းသွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြီးခဲ့သည့် ၁၂ ရက်အတွင်း ၎င်းတို့သည် ဆရာ၊ ဆရာမနှင့် ကျောင်းသား ၅,၁၀၉ ဦးအတွက် ပစ္စည်း ၁၀ တန်ကျော် ပို့ဆောင်ပေးခဲ့ပြီး အစားအစာ ၁၂,၂၁၉ နပ် ပေးပို့ခဲ့ကြောင်း သိရသည်။

အင်တာနက်ပေါ်တွင် လှိုက်လှဲနွေးထွေးသော အမြင်များ ရရှိခဲ့သော အဆိုပါ ဓာတ်ပုံများက “ပြည်သူတွေကို အဆွဲဆောင်နိုင်ဆုံးသူများ” ဟု ပြောဆိုခဲ့ပြီး “ခက်ထန်တဲ့လေနဲ့ အေးစက်တဲ့ရာသီဥတုကို ဂရုမထားဘဲ ရဲရင့်စွာ လုပ်ဆောင်ခဲ့ကြတယ်” ဟု အင်တာနက်သုံးစွဲသူများက ချီးကျူးခဲ့ကြသည်။

၎င်းဓာတ်ပုံများကို Dalian Ocean တက္ကသိုလ်အဆောင်ရှိ ရေကြောင်းနှင့် ရေကြောင်းဗိသုကာကျောင်းမှ ကျောင်းသား Ji Yangbai နှင့် ကျောင်းဆရာ Wang Haipeng တို့က ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
The men in the blizzard: Anti-epidemic volunteers brave bone-chilling cold to support those in need
Source: Xinhua| 2021-01-08 14:46:38|Editor: huaxia
BEIJING, Jan.8 (Xinhua) – Pictures of a group of people wearing protective suits crawled and stumbled to push a tricycle loaded with food and other necessaries on an icy road have recently hit the Internet, warming up countless hearts as the nation is experiencing a new round of cold wave.
These people are anti-epidemic volunteers sending daily supplies and anti-epidemic materials to students at dormitories at Dalian Ocean University in Dalian, Northeast China’s Liaoning province, Jan 6, 2021.
According to the school, the university campus imposed closed-off management measures on Dec 21, 2020, due to the latest round of COVID-19 outbreak. With more than 13,000 teachers and students living on campus, the university has organized volunteers to send three meals, daily necessities and anti-epidemic supplies to the dormitories.
A total of 17 young people, with an average age of 19, have joined the volunteer team.
According to the weather forecast, the snowfall in Dalian amounted to 8.1mm from 7 a.m. to 3 p.m. on Jan. 6.
Because the road was so icy and sliding that vehicle cannot be driven, volunteers decided to push tricycle by themselves regardless of blowing snows and cold air.
In the past 12 days, they have dispatched more than ten tonnes of materials and delivered 12,219 meals for 5,109 teachers and students.
These pictures have received warm words on the Internet, and netizens praised them “the most attractive countermatch people”, saying “they are deeply touched by their bravery regardless of the heavy wind and cold weather “.
Pictures were taken by a student named Ji Yangbai and a teacher called Wang Haipeng from the School of Navigation and Naval Architecture in the flat of Dalian Ocean University. ■
1-Undated photo provided by Dalian Ocean University shows members of the university’s anti-epidemic volunteer team delivering supplies to students’ dormitory at the university in Dalian, northeast China’s Liaoning Province. (Dalian Ocean University/Handout via Xinhua)
2-Undated photo provided by Dalian Ocean University shows members of the university’s anti-epidemic volunteer team delivering supplies to students’ dormitory at the university in Dalian, northeast China’s Liaoning Province. (Dalian Ocean University/Handout via Xinhua)
3-Undated photo provided by Dalian Ocean University shows members of the university’s anti-epidemic volunteer team preparing to deliver food for students at the university in Dalian, northeast China’s Liaoning Province. (Dalian Ocean University/Handout via Xinhua)
4-Undated photo provided by Dalian Ocean University shows the 17-member anti-epidemic volunteer team at the university in Dalian, northeast China’s Liaoning Province. In response to the recent outbreak of COVID-19 cases in the city, Dalian Ocean University closed the campus on Dec. 21, 2020. A total of 17 young people, with an average age of 19, joined the volunteer team, delivering food, necessities and epidemic prevention materials for teachers and students quarantined in the dorm area. They have delivered 12,219 meals for 5,109 teachers and students. (Dalian Ocean University/Handout via Xinhua)