Connect with us

Sport

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလတွင် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကျင်းပသွားမည်

၂၀၁၇ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အားကစားနှင့် ကာယပညာဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးမှ တိုက်ကွမ်ဒိုကစားသမား ၅၀၀ ဝန်းကျင် ပါဝင်ယှဉ်ပြိုင်မည့် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးကျော်သန်းဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။

“အွန်လိုင်းကလုပ်မယ့် ပွဲကြီးပါ။ တစ်နိုင်ငံလုံးက တိုက်ကွမ်ဒိုကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ အရင်နှစ်တွေကတော့ ကျွန်တော်တို့ တကယ့်ပြိုင်ပွဲလုပ်ပြီးကျင်းပခဲ့တယ်။ ဒီနှစ်ကတော့ COVID-19 ကာလဖြစ်လို့ အွန်လိုင်းကနေ ကျင်းပရတာဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ပြိုင်ရတော့ ရိုက်တဲ့ကင်မရာ၊ ဖုန်းကင်မရာ၊ အင်တာနက်လိုင်းကောင်းမှု၊ အလင်းအမှောင်တွေ ကောင်းဖို့တွေတော့ စီစဉ်ရတယ်။ ရိုးရိုးပြိုင်ပွဲကတော့ ဝင်လာမယ်။ ချမယ်။ ပြိုင်မယ်ပေါ့။ အွန်လိုင်းပြိုင်ပွဲကတော့ ကြိုတင်လည်း ပြင်ဆင်ရတယ်။ ခြေထောက်မပါတာ၊ လက်မပါတာဆိုရှုံးနိုင်တယ်။ ဒါကြောင့် ကင်မရာအယူအဆ နဲ့ အလင်းအမှောင်ကို ကောင်းအောင်သေချာကြည့်ပြီး ပြိုင်ရတာပေါ့။’’ ဟု ၎င်းကဆက်ပြောသည်။

အွန်လိုင်းမှ ပြိုင်သည့်ပြိုင်ပွဲများသည် အတိုက်ပြိုင်ပွဲမဟုတ်ကြောင်း၊ အတိုက်ပြိုင်ပွဲအစား အမြန်ကန်ချက်များအား အွန်လိုင်းမှ ပြသခြင်းဖြစ်ကြောင်း၊ ထို့ပြင် တိုက်ကွမ်ဒို ကကွက်အလှပြပြိုင်ပွဲလေးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်သည် ပြည်တွင်းပွဲစဉ်အနေဖြင့် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲ ၂ ပွဲ၊ နိုင်ငံတကာအွန်လိုင်းပြိုင်ပွဲအနေဖြင့် ၆ ပွဲခန့်ပြိုင်ပြီးကြောင်းဆိုသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117