ပေကျင်း၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေဆဲဖြစ်ရာ နေရာအမြောက်အမြားတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည်လည်း ကပ်ရောဂါ၏ မရေရာမှုများစွာကို ဖြစ်ပေါ်လာစေခဲ့ပြီး နှစ်သစ်ကူးကာလ ရောဂါထိန်းချုပ်ရေးအခြေအနေများ ဆိုးဝါးလာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော အဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မူဆယ်မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတာဝန်ခံ ဦးနေမျိုးထိုက်ကျော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းစုစည်းချက် – ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၆ သောင်းကျော် ရောဂါထပ်မံကူးစက်ခံရ ကြောင်း နှင့် ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာဖွယ်ရှိ ကြောင်း သိရသည်။
ကွေ့ယန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံရှိ မီတာ ၅၀၀ ကျော် ကျယ်ဝန်းသည့် စလောင်းပြားတစ်ခုတည်းအသုံးပြုထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ်ကြီးအား တစ်ကမ္ဘာလုံးရှိ ပညာရှင်များလေ့လာအသုံးပြုရန် ဧပြီ ၁ ရက်မှ စတင် လျှောက်ထားခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။ ရေဒီယိုတယ်လီစကုတ်ကြီး၏ ပြန်ကြားရေးတာဝန်ခံ တရုတ် သိပ္ပံအကယ်ဒမီ...