Connect with us

WORLD

ကပ်ရောဂါ ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသည့် နှစ်သစ်ကူးကာလတွင် ကာကွယ်ဆေးက မျှော်လင့်ချက်အလင်းရောင်ကို ဆောင်ကြဉ်းပေးလာခဲ့

ပြင်သစ်နိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့တော် နိစ်တွင် ညမထွက်ရအချိန်တွင် ရဲတပ်ဖွဲ့ဝင်များကင်းလှည့်နေသည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေဆဲဖြစ်ရာ နေရာအမြောက်အမြားတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည်လည်း ကပ်ရောဂါ၏ မရေရာမှုများစွာကို ဖြစ်ပေါ်လာစေခဲ့ပြီး နှစ်သစ်ကူးကာလ ရောဂါထိန်းချုပ်ရေးအခြေအနေများ ဆိုးဝါးလာခဲ့သည်။

နိုင်ငံအများအပြားက ကန့်သတ်ချက် သို့မဟုတ် နှစ်ကူးအထိမ်းအမှတ်ပွဲတော်ကျင်းပခွင့် တားမြစ်ချက်များ ထုတ်ပြန်ကာ ပွဲတော်နေ့တွင် လူစုဝေးမှုကြောင့် ရောဂါပိုးလျင်မြန်စွာ ပြန့်ပွားနိုင်မှုကို တင်းကျပ်စွာ ကာကွယ်ခဲ့ကြသည်။ COVID-19 ကာကွယ်ဆေးထွက်ပေါ်လာခြင်းကလည်း ကမ္ဘာအတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်လာစေခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိဈေးဝယ်စင်တာတစ်ခုတွင် အမျိုးသမီးတစ်ဦး သွားလာနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စိန်ခေါ်မှုအသစ်များ

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်နိုင်ငံ ပြည်နယ်အများစုတွင် တွေ့ရှိခဲ့သည်။ လက်ရှိကိန်းဂဏန်းအချက်အလက်များတွင် ဗီဇပြောင်းဗိုင်းရပ်စ် ၏ကူးစက်ပြန့်ပွားမှုသည် ပို၍လွယ်ကူလျင်မြန်ကြောင်း ဖော်ပြထားသည်။အမေရိကန်၏ကာကွယ်ဆေးထိုးနှံမှုသည် တိုးပွားလာသည် လူနာဦးရေနှင့် အပြေးပြိုင်နေရခြင်းဖြစ်ကြောင်း ၊ အသစ်တွေ့ရှိသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲက ပို၍ အခက်ကြုံနေရကြောင်း အမေရိကန် Scrippsသုတေသနဌာန မျိုးရိုးဗီဇပညာရှင် Eric Topolက ပြီးခဲ့သည့်ရက်များတွင် ပြောကြားခဲ့သည်။ “၂၀၂၀ ပြည့်နှစ်မှာ ကိုရိုနာဗိုင်းရပ်စ်က ဧရာမ စိန်ခေါ်မှုကြီးကို သယ်ဆောင်လာခဲ့တယ်။ အသစ်တွေ့ရှိရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်က ဒီစိန်ခေါ်မှုရဲ့ အဆင့်ကို အသစ်ထပ်တိုးစေတာပါပဲ”ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် Long Island Jewish Medical Center  အရေးပေါ်လူနာကြီးကြပ်ဆောင် သူနာပြုတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ဝန်ထမ်းများ သယ်ယူပို့ဆောင်နေသည်ကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိရသည်ဟု အစောဆုံး သတင်းပို့ခဲ့သည့် ဗြိတိန်တွင် ယခုကာလများ၌ အစိုးက ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ကြိမ်ဖန်များစွာ ပို၍ တင်းကျပ်ခဲ့သည်။ ထိုမတိုင်မီကလည်း အင်္ဂလန်နေရာအများအပြားတွင် ရောဂါထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးအဖြစ် အဆင့်(၄)ထိ တိုးမြှင့်ခဲ့သလို မူလ သတ်မှတ်ထားသည့် ခရစ္စမတ်ကာလ (၅)ရက် ရောဂါထိန်းချုပ်ရေးနည်းလမ်းများ ဖြေလျော့မည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ အင်္ဂလန်တွင် အိမ်ပြင်မထွက်ရ ခြေချုပ်အမိန့်ကိုကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၄ ရက် ညပိုင်းက ကြေညာခဲ့ပြီးနောက် အင်္ဂလန်ဒေသအစိုးရကလည်း အလားတူလုပ်ဆောင်မည်ဟု ယင်းနေ့တွင်ပင် ကြေညာခဲ့သည်။

ပြင်သစ်တွင် ပထမဆုံး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက သတင်းပေးပို့ခဲ့သည်။ လက်ရှိတွင် နိုင်ငံအတွင်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ လူနာအရေအတွက်ကို အတိအကျရှင်းလင်းစွာမသိရသေးကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထို့အတွက် တင်းကျပ်စွာ စီမံထိန်းချုပ်ရန် လိုအပ်ကြောင်း ပြင်သစ် Pasteur Institute ကူးစက်ရောဂါဗေဒပညာရှင်၊ ကိုဗစ်ကပ်ရောဂါ သိပ္ပံကော်မတီ အဖွဲ့ဝင် Arnaud Fontanetက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် ပြန့်ပွားလာမှုကြောင့် အင်ဒိုနီးရှားအစိုးရက ဇန်နဝါရီ ၁ ရက်မှ ၁၄ရက်အထိ နယ်စပ်ပိတ်ထားဖြစ်ပြီး နိုင်ငံခြားသားများပြည်ဝင်ခွင့်ကို ယာယီတားမြစ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုမတိုင်မီက နိုင်ငံအများအပြားတွင် ဗြိတိန်စသည့်နိုင်ငံများမှလာရောက်သော ခရီးသွားပြည်ဝင်ခွင့်ကို ကန့်သတ်ထားပြီးဖြစ်သည်။

အခြေအနေသစ်

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ဩစတြေးလျ၏ လူသောင်းနှင့်ချီသော ပိတ်ရက်ကာလ ခရီးသွားအစီအစဉ်များ ပျက်ခဲ့ရသည်။အကြောင်းအရင်းက နယ်စပ်ထိန်းချုပ်ရေးသတ်မှတ်ချက်များ အကောင်အထည်မဖော်မီ ခရီးသွားနေရာမှ အလျင်စလို အိမ်ကို ပြန်လာရမည်ဖြစ်ပြီး မပြန်နိုင်ခြင်း သို့မဟုတ် ပြန်လာသည့်အခါ ၁၄ ရက် သီးခြားနေ ကျန်းမာရေးစောင့်ကြည့်မှုကို ခံရယူရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဆစ်ဒနီ နှစ်သစ်ကူးအကြို မီးရှူးမီးပန်းအလှပြပွဲ၏ အစီအစဉ်လည်း မဖြစ်မနေ ပြောင်းလဲခဲ့ရရာ အထူးလမ်းကြောင်းလက်မှတ်မရှိသူများက ၂၀၂၀၂ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သတ်မှတ်နေရာ၌ မီးရှူးမီးပန်းများကို လာရောက်ကြည့်ရှုခွင့်မရခဲ့ကြသလို မူလ စီစဉ်ထားသည့် ရောဂါတိုက်ဖျက်ရေးဝန်ထမ်းများ ပထမတန်းတွင် မီးပန်းရှုစားမည့်အစီအစဉ်လည်း ဖျက်သိမ်းခဲ့ရသည်။

ထိုင်းနိုင်ငံတွင် ကပ်ရောဂါတစ်ဆင့်တိုးပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ဒေသအသီးသီးက နှစ်ကူးအကြိုအခမ်းအနား၊ ဂီတပွဲတော်၊ ဖျော်ဖြေပွဲကြီးများ စသည့်တိုကို ဆက်တိုက်ဆိုလို ဖျက်သိမ်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကပ်ရောဂါအခြေအနေဆိုးဝါးသည့် ဒေသများတွင် လူစုလူဝေးလုပ်မှုကို တားမြစ်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သည်။ နှစ်ကူးညက ဘန်ကောက်တွင် ကျင်းပသည့် မီးရှူးမီးပန်းအလှပြပွဲကိုလည်း ရုပ်မြင်သံကြားနှင့် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှတစ်ဆင့် ကြည့်ရှုရန် ပြောင်းလဲခဲ့သည်။

ကူးစက်မှုလျော့နည်းရန်အတွက် ခရစ္စမတ်ပွဲတော်နှင့် နှစ်ကူးပိတ်ရက်ကာလတွင် ပနားမားနိုင်ငံက တစ်နိုင်ငံလုံးအတိုင်းအတာရ အိမ်ပြင်မထွက်ရန် တားမြစ်ခဲ့ရာ တားမြစ်ချက်မှာ ၁၀ ရက်ကြာဆောင်ရွက်ခဲ့သည်။ ဇန်နဝါရီ ၄ ရက်မှစ၍ မှတ်ပုံတင် နောက်ဆုံးဂဏန်းအလိုက် အချိန်ခွဲအပြင်ထွက်သွားလာနိုင်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင် အိမ်တွင်းသာနေထိုင်စေကြောင်း သိရသည်။ နှစ်ဆန်း(၁)ရက်တွင် ပနားမား၌ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာအရေတွက်သည် ယခင်အထွတ်အထိပ်ကာလ (၄,၀၀၀) ကျော်မှ ဇန်နဝါရီ ၃ ရက်တွင် (၁,၉၀၀)သို့ ကျဆင်းခဲ့သည်။

မျှော်လင့်ချက်သစ်များ

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ပေါ်ထွက်လာပြီဖြစ်ရာ အန္တရာယ်အကျပ်အတည်းဖြစ်နေသည့် ကမ္ဘာကြီးအတွက် မျှော်လင့်ချက်များဆောင်ကြဉ်းလာနိုင်ခဲ့သလို ကမ္ဘာ့နိုင်ငံအသီးသီး၏ ကြိုပမ်းမှုသည် ကပ်ရောဂါဟန့်တားရေးနှင့် ပုံမှန်နေထိုင်မှုဘဝပြန်လည်လည်ပတ်နိုင်ရန် အလင်းရောင်ခြည်သန်းခဲ့ရသည်။

ထိုင်းနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ Sinovac Biotechနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မှာယူရန် သဘောတူညီချက်ချုပ်ဆိုခဲ့ပြီး ကာကွယ်ဆေး (၂)သန်းဝယ်ယူသွားမည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ Sinopharm ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းထိရောက်မှုကို သိပ္ပံနည်းကျ သက်သေပြုထားကြောင်း အီဂျစ် ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayed က ဇန်နဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အရေးပေါ်အသုံးပြုရန် လျှောက်ထားထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး(၂)မျိုးကို အိန္ဒိယ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဇန်နဝါရီ ၃ ရက် တွင် ခွင့်ပြုလိုက်ပြီဖြစ်သည်။၎င်းကာကွယ်ဆေးတွင် အိန္ဒိယသိပ္ပံသုတေသနဌာနမှ သုတေသနပြုထုတ်လုပ်ထားသည့် ကာကွယ်ဆေးတစ်မျိုးပါဝင်ကြောင်း သိရသည်။ “ဒီလုပ်ဆောင်ချက်ဟာ အိန္ဒိယကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းရဲ့ အချိုးအကွေ့ဖြစ်လိမ့်မယ်”ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။

ဗြိတိန်တွင် သက်ဆိုင်ရာ ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်ပြီဖြစ်သော ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဇန်နဝါရီ ၄ ရက်မှစ၍ ပြည်သူများကို ထိုးနှံပေးခဲ့သည်။ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Matt Hancock က ပြည်သူ့ကျန်းမာရေးဌာနများအနေနှင့် ကူးစက်မှုအန္တရာယ်အများဆုံးဖြစ်သည့် လူအုပ်စုများကို တတ်နိုင်သမျှ အမြန်ဆုံးကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ “ကာကွယ်ဆေးထိုးနှံမှု စီမံကိန်းတွေကို အလျင်အမြန်တွန်းအားပေးလုပ်ဆောင်မှာပါ”ဟု ဆိုသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်မှစ၍ ဗြိတိန်၌ ကာကွယ်ဆေးထိုးနှံထားသူ (၁)သန်းကျော်ရှိပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ ကိန်းဂဏန်များအရ ဇန်နဝါရီ ၄ ရက်အထိ အမေရိကန်တစ်နိုင်ငံလုံး ပထမအဆင့် ကာကွယ်ဆေးထိုးနှံပြီးသူ (၄.၅၆၃)သန်း ရှိပြီဖြစ်ကြောင်း သိရသည်။

ဖီဂျီနိုင်ငံ ဝန်ကြီးချုပ် Frank Bainimaramaက နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြားရာတွင် ကိုဗစ်ကပ်ရောဂါသည် အနည်းဆုံး လအတန်ကြာ ဆက်ရှိနေမည်ဖြစ်သော်လည်း နှစ်သစ်၏ အလင်းရောင်ခြည်က ညိုမည်းနေသည့် တိမ်တိုက်ကို ထိုးထွင်းနိုင်ပြီဖြစ်ကြောင်း ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် အားလုံးအတွက် မျှော်လင့်ချက်များဆောင်ကြဉ်းလာရာ လူအများ ပုံမှန်ဘဝနေထိုင်မှုပြန်လည်ပတ်ရန်၊ စီးပွားရေးပြန်လည်နိုးထရန်၊ ပြည်သူများဘဝသာယာချမ်းမြေ့စေရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ (Xinhua)
——————————————
(Chinese Version)  
特稿:新年疫情全球蔓延 疫苗接种带来曙光
202101/0520:21:03
来源:新华网
新华社北京1月5日电 特稿:新年疫情全球蔓延 疫苗接种带来曙光
  新华社记者
 新冠疫情依旧在全球蔓延,多地发现变异新冠病毒也为疫情带来更多不确定性,新年期间防控形势严峻。多国出台举措限制或禁止新年庆祝活动,严防节日聚集引起新冠病毒快速传播。新冠疫苗问世,给世界带来希望。
 新挑战
  变异新冠病毒已在美国多个州出现。现有数据显示变异新冠病毒更易于传播且传播速度更快。美国斯克里普斯研究所遗传学家埃里克•托波尔日前表示,美国的新冠疫苗接种正与病例增幅“赛跑”,而新发现的变异新冠病毒感染病例使得“比赛”难度增加。“2020年新冠病毒带来巨大挑战,新发现的变异病毒将把这种挑战提升到新高度。”
  在最早报告变异新冠病毒的英国,政府近期多次收紧防控措施,此前已将英格兰多地的新冠疫情防控级别调升至最高的第四级,并取消了原定为期5天的圣诞防疫限制“放松期”。英国首相约翰逊4日晚宣布在英格兰实施大范围“禁足”措施,苏格兰地方政府也在4日宣布了类似的“禁足”举措。
法国卫生部2020年12月25日报告了法首个变异新冠病毒感染病例。法国巴斯德研究所流行病学专家、新冠疫情科学委员会成员阿诺•丰塔内4日表示,目前尚不清楚法国境内感染变异新冠病毒的确切病例数,法国卫生部门必须严格管控变异新冠病毒感染病例。
鉴于变异新冠病毒扩散,印度尼西亚政府决定从1日至14日关闭边境,暂时禁止外国公民入境。在此之前,已有多个国家决定限制来自英国等国家的旅客入境。
 为防疫情进一步蔓延,泰国政府调整了各地跨年庆祝活动,音乐会、大型表演等活动相继被取消。泰国政府宣布,自2020年12月30日起禁止疫情较严重地区的聚集活动。跨年夜在曼谷举行的焰火表演,也从现场观看改为电视、网络直播。
 为减少感染,圣诞节和新年假日期间,巴拿马全国禁止出行,“禁足”时间累计达10天。自4日起,居民须按身份证尾号分时段出行,周末全体“禁足”。元旦过后,巴拿马单日新增确诊病例数有所回落,从先前高峰时期的4000余例降至3日1900余例。
  新希望
  包括中国疫苗在内的新冠疫苗问世,给身处危局的世界带来希望,世界各国的努力也为遏制疫情、恢复正常生活带来曙光。
 泰国卫生部3日发表公报说,泰国政府已与中国科兴控股生物技术有限公司签署新冠疫苗订购协议,采购200万剂新冠疫苗。
埃及卫生与人口部部长哈拉•扎耶德2日晚表示,埃及正式批准在埃紧急使用中国国药集团新冠灭活疫苗,中国新冠疫苗的安全性和有效性已得到科学认证。2020年12月10日晚,中国新冠疫苗运抵开罗国际机场。
印度药品管理总局3日批准了两种新冠疫苗在印度的紧急使用授权申请,其中包括印度科研单位研制的一种疫苗。印度总理莫迪当天表示,此举会成为印度抗疫工作的转折点。
 英国4日开始为民众接种监管机构批准使用的第二款新冠疫苗。英国卫生大臣马修•汉考克说,公共卫生机构正尽快为感染风险最大的人群接种新冠疫苗,“会加快推进疫苗接种项目”。英国卫生部4日公布的数据显示,自2020年12月8日以来,英国已有超过100万人接种了新冠疫苗。
美疾控中心网站疫苗数据显示,截至4日,全美完成第一剂疫苗接种的人数约为456.3万。
斐济总理姆拜尼马拉马在元旦献词中表示,新冠疫情至少还将持续数月,但新的美好一年的曙光正穿透阴云。新冠疫苗将给大家带来希望,希望人们的生活恢复正常,经济复苏繁荣,人民生活幸福。(执笔记者:李雯;参与记者:郝亚琳、宋宇、王亚光、岳东兴、白旭、张永兴、赵旭、李洁、刘宗亚、于涛、苏津、陈晨、谭晶晶、张家伟、金晶、梁辉、任芊、吴丹妮)

图说1 : 这张2020年10月24日的资料照片显示,在法国南部海滨城市尼斯,警察在宵禁后的街道上巡逻。 新华社发(塞尔日•阿乌齐 摄)
图说 2 :这张2020年12月22日的资料照片显示,一名女子走过泰国曼谷一家购物中心的广场。 新华社发(拉亨 摄)
图说 3: 这张2020年12月14日的资料照片显示,在美国纽约,长岛犹太医疗中心重症监护室护士桑德拉•琳赛(左)接种新冠疫苗。 新华社发(纽约州州长办公室供图)
这张2020年12月10日的资料照片显示,在埃及开罗国际机场,工作人员运输中国研制生产的新冠疫苗。 新华社记者 邬惠我 摄

【纠错】 【责任编辑:赵文涵 】