Connect with us

Economy

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော မူဆယ်မြို့မန့်ဝိန်းဂိတ်အား ၂၄ နာရီ အချိန် တိုးမြှင့် ဖွင့်လှစ်

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်တွင် သွားလာနေသော ကုန်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ - IPRD)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော အဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မူဆယ်မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတာဝန်ခံ ဦးနေမျိုးထိုက်ကျော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်တာက ဇန်နဝါရီ ၅ ရက်ကနေ ၁၄ ရက်အထိ စမ်းသပ်ကာလပေါ့။ပြီးခဲ့တဲ့ အပတ်က ဂိတ်တွေ ပိတ်ထားတယ်ဆိုတော့ အချိန်ပြည့် မဖွင့်နိုင်တော့ ကားတွေ ဒီမှာ တန်းစီနေတာပဲ။ အခု ဖွင့်လိုက်တော့ ကားအဝင်/အထွက် ပိုပြီး လွယ်ကူလာမယ် ဆိုတဲ့အတွက် ကုန်သွယ်ရေးအတွက် အကျိုးရှိပြီး ပိုတိုးတက်လာမှာ သေချာပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ကိုလည်း ည ၈ နာရီခွဲအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုအား နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နယ်စပ် ကုန်သွယ်ရေးစခန်းများအလိုက် ကုန်သွယ်မှု ပမာဏတွင် မူဆယ်စခန်းသည် အမေရိကန်ဒေါ်လာ ၇၈၅.၆၂၅ သန်းရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.