Connect with us

WORLD

ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းစုစည်းချက် – ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၆ သောင်းကျော် ရောဂါထပ်မံကူးစက်ခံရ ၊ ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာဖွယ်ရှိ

အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းဝေပေးသည့်နေရာတစ်ခု၌ လူများ တန်းစီနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းစုစည်းချက် – ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၆ သောင်းကျော် ရောဂါထပ်မံကူးစက်ခံရ ကြောင်း နှင့် ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာဖွယ်ရှိ ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာစာရင်းပြုစုချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ဇန်နဝါရီ ၅ ရက် ဥရောပအလယ်ပိုင်း ဒေသစံတော်ချိန် ၁၇ နာရီ ၄၇ မိနစ် တွင် ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာပေါ်တွင် ယခင်နေ့ကထက် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅၄၁,၈၁၁ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၈၄,၄၇၄,၁၉၅ ဦးအထိ ရောက်ရှိခဲ့ကြောင်း ၊ တစ်ရက်အတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၈၆၉၆ ဦးရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ကမ္ဘာပေါ်တွင် စုစုပေါင်း ၁,၈၄၈,၇၀၄ ဦး ရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ဇန်နဝါရီ ၆ ရက် ပေကျင်းဒေသစံတော်ချိန် ၇ နာရီ ၂၃ မိနစ် ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၈၆,၂၃၀,၈၇၀ ဦး ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁,၈၆၅,၂၆၇ ဦးရှိကြောင်း ၊ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ အဆိုးရွားဆုံးဖြစ်ပွားသည့် နိုင်ငံ မှာ အမေရိကန်နိုင်ငံ ဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၁,၀၀၇,၆၉၄ ဦးရှိကာ သေဆုံးခဲ့ရသူ စုစုပေါင်း ၃၅၆,၅၄၀ ဦးရှိကြောင်း သိရှိရသည်။

သတင်းဖြစ်ရပ်များ

ဗြိတိန်နိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ကြေညာချက်အရ ဗြိတိန်နိုင်ငံတွင် ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆ သောင်းကျော် ရှိခဲ့ပြီး အတိအကျအနေဖြင့် ၆၀,၉၁၆ ဦး ဖြစ်ကြောင်း ၊ ယင်းထပ်မံကူးစက်ခံရသည့် ပမာဏသည် ဗြိတိန်နိုင်ငံ ၏ တစ်ရက်အတွင်း ထပ်မံ ကူးစက်ခံရသည့် အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း နှင့် လက်ရှိချိန်တွင် ဗြိတိန်နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂,၇၇၄,၄၇၉ ဦး ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏ စာရင်းပြုစုချက်အရ ဂျပန်နိုင်ငံတွင် ဇန်ဝါရီ ၄ ရက် ၀ နာရီ မှ ၅ ရက် ၀ နာရီ အထိ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၃၂၅ ဦး ရှိခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၄၈,၅၃၄ ဦး အထိရှိခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Yoshihide Suga က ဇန်နဝါရီ ၇ ရက်တွင် တိုကျိုအပါအဝင် ဘေးပတ်ဝန်းကျင်ရှိ ခရိုင် ၃ ခုအား အရေးပေါ် အခြေအနေ ကြေညာခြင်း လုပ်မလုပ်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်၌ ထုတ်ဖော် ပြောကြားခဲ့သည်။

အိုမန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ အိုမန်နိုင်ငံ တွင် ဗီဇပြောင်းလဲ COVID-19 ရောဂါ ပိုး ကူးစက်ခံရသူတစ်ဦးကို တွေ့ရှိခဲ့ပြီး ယင်းမှာ အိုမန်နိုင်ငံတွင် ပထမဦးဆုံး တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါ ပိုး ကူးစက်ခံရသူဖြစ်ကြောင်း ၊ ယင်းရောဂါ ကူးစက်ခံရသူ မှာ အိုမန်နိုင်ငံ တွင် ရေရှည်နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး မကြာသေးခင်က ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သောသူ ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ ဆော်ပေါလိုပြည်နယ် ကျန်းမာရေးဌာန ၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းပြည်နယ်တွင် ဗြိတိန်နိုင်ငံ မှ ထုတ်ပြန်ကြေညာခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံထားရသူ နှစ်ဦးကို တွေ့ရှိခဲ့ရပြီး ယင်းမှာ ဘရာဇီးနိုင်ငံအတွင်း ပထမဦးဆုံး ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မွန်ဂိုလီးယားနိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံမြို့တော် Ulaanbaatar ဒေသတွင် ပြည်သူအားလုံးသတိအနေအထားနေထိုင်မှု အခြေအနေ ကိုဇန်နဝါရီ ၁၁ ရက် ၆ နာရီ အထိ တိုးမြှင့်ခဲ့ပြီး ကူးစက်ပျံ့နှံ့နေသည် ကပ်ရောဂါ အခြေအနေ ကို ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်းဖော်ပြထားသည်။ (Xinhua)

——————————————
(English Version)

全球疫情简报:英国单日新增确诊超6万例创新高 日本或再次宣布紧急状态

新华社北京1月6日电 5日全球疫情简报:英国单日新增确诊超6万例创新高 日本或再次宣布紧急状态
  全球数据
  世界卫生组织:截至欧洲中部时间5日17时47分(北京时间6日0时47分),全球确诊病例较前一日增加541811例,达到84474195例;死亡病例增加8696例,达到1848704例。
  美国约翰斯•霍普金斯大学:截至北京时间6日7时23分,全球新冠确诊病例达86230870例,死亡病例为1865267例。美国是全球疫情最严重的国家,确诊病例达21007694例,死亡病例为356540例。
  新闻事件
  英国政府5日发布的数据显示,英国当天新增新冠确诊病例超过6万例,达到60916例,再创该国疫情暴发以来单日新增确诊病例数最高纪录;累计确诊病例2774479例。
  据日本广播协会电视台统计,日本4日0时至5日0时新增新冠确诊病例3325例,累计确诊248534例。日本首相菅义伟5日说,将于7日决定是否宣布东京都和周边3个县进入紧急状态。
  阿曼卫生部5日宣布,该国发现一例变异新冠病毒感染病例,这是阿曼首次确认在境内发现变异新冠病毒感染病例。该国卫生部当天发表声明说,这名感染者是持有阿曼长期居住证的外籍公民,前不久到过英国。
  巴西圣保罗州卫生厅4日宣布,该州确认发现两例感染了英国报告的变异新冠病毒的病例。这是巴西首次确认在境内发现变异新冠病毒感染病例。
蒙古国政府4日宣布,将首都乌兰巴托地区全民警戒状态延长至11日6时,以应对持续蔓延的新冠疫情。
Photo
 5月3日,在美国纽约,人们在一个发放点排队领取口罩。 新华社发(郭克摄)