ပါရီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုကို ခိုင်မာစွာ လက်ကိုင်ထားပြီး လူမှုရေးမညီမျှမှု၊ နျူကလီးယားလက်နက် ပြန့်ပွားလာမှု ၊ ရာသီဥတုပြောင်းလဲလာမှု စသည့် ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၁၁ ရက် ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။
ကဘူးလ် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် တွင် နိုဝင်ဘာ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာလီဘန်လက်နက်ကိုင်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကြောင်း ယင်းပြည်နယ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်း ချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ(ကျေက်မျက်ပြပွဲခန်းမ)တွင် ယနေ့နံနက် စတင် ကျင်းပခဲ့ရာ အဆိုပါ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှာ နေပြည်တော်အတွက် (၇)ကြိမ်မြောက် ပွဲဖြစ် ကြောင်း သယံဇာတနှင့်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက် အထိ ကျင်းပမည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်...