ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဝူဟန့်မြို့တွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း WHO-တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲအရ သိရသည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများတွင် ဆေးစွမ်းထက်ကြောင်းနှင့် မော်ရိုကိုနိုင်ငံအနေဖြင့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို အဆိုပါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
လန်ဒန်၊ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗြိတိန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုဖြစ်ပွားနေစဉ် နိုင်ငံရပ်ခြားသို့ သွားရောက်လိုသူများအတွက် ကာကွယ်ဆေးပတ်စ်ပို့ “vaccine passports” ဟု ခေါ်ဆိုသည့် နိုင်ငံကူးလက်မှတ်တစ်မျိုး ထုတ်ပေးရန် အစီအစဉ်ကို လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည်။
ဗီယင်ကျန်း၊ဖေဖော်ဝါရီ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ ပထမအသုတ်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းစီးနင်းလာသော ယာဉ်တန်းကို MNDAAအဖွဲ့တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်ပြီး ရဲနှင့်အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။