Connect with us

WORLD

ကနေဒါနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂)ဦး တွေ့ရှိ ၊ နိုင်ငံအများအပြားတွင် ကာကွယ်ဆေးထိုးနှံမှုများ စတင်

ကနေဒါနိုင်ငံ Toronto မြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသူအမျိုးသားတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစင်တာသို့ လာနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကနေဒါနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂)ဦး တွေ့ရှိရကြောင်းနှင့် နိုင်ငံအများအပြားတွင် ကာကွယ်ဆေးထိုးနှံမှုများ စတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂၇ ရက် ၁၄ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၄၃၄,၇၇၉) ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၇,၃၉၃) ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၇၉,၂၃၂,၅၅၅) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၇၅၄,၄၉၃) ဦး အသီးသီး ရှိလာကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၂၈ ရက် ၇ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၈၀,၇၂၁,၆၂၃) ဦး၊ စုစုပေါင်း သေဆုံးသူ (၁,၇၆၃,၆၉၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ (၁၉,၁၀၅,၈၅၉) ဦး နှင့် သေဆုံးသူ (၃၃၃,၀၅၅) ဦး ရှိကြောင်း သိရသည်။

ကနေဒါနိုင်ငံ Toronto မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစင်တာပြင်ပတွင် လူအများတန်းစီစောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂) သတင်းအချက်အလက်များ

ကနေဒါနိုင်ငံ Ontarioပြည်နယ်တွင် ဗီဇာပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၂ ဦးတွေ့ရှိရကြောင်း ယင်းပြည်နယ်အစိုးရက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါကူးစက်မှု ၂ ခုသည် လင်မယားနှစ်ဦး ဖြစ်ပြီး Ontarioပြည်နယ် မြို့တော်Torontoအနီး Durhamတွင်နေထိုင်ကြောင်း၊ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ထိတွေ့မှုလည်း မရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ ကျယ်ပြန့်စွာပြုလုပ်ခဲ့ရာ အသက်(၈၀)နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာရှိလူများ၊ ရှေ့တန်း ကျန်းမာရေးဝန်ထမ်းများ စသည်တို့ကို ဦးစားပေး ထိုးနှံပေးလျက်ရှိသည်။ ပထမအသုတ် ထိုးနှံခွင့်ပြုသည့် ကာကွယ်ဆေးမှာ Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းသုတေသနပြုထုတ်လုပ်ထားခြင်း ဖြစ်သည်။

 ကနေဒါနိုင်ငံ Torontoမြို့၌ အရေးပေါ်လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စပိန်နိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ဘိုးဘွားစောင့်ရှောက်ရေးဂေဟာရှိ အသက် (၉၆)နှစ်အရွယ်အဘွားအိုတစ်ဦးသည် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုကို ခံယူခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် နေထိုင်မကောင်းသည့်ခံစားမှုမျိုးမရှိကြောင်း ၎င်းက ဆိုသည်။ စပိန်အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးကို အပတ်စဉ် ကာကွယ်ဆေးများ မျှတစွာ ဝေငှပေးသွားမည်ဖြစ်ရာ လာမည့် ရက်သတ္တပတ်(၁၂)ပတ်အတွင်း လူ (၂) သန်းနီးပါး ကာကွယ်ဆေး ထိုးနှံပေးမည်နိုင်မည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။

အီတလီနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း(၃)ဦးက ဒီဇင်ဘာ ၂၇ ရက်၏ ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုခံယူသူ ဖြစ်ခဲ့ကြောင်း သိရသည်။ “ယနေ့ဟာ ကာကွယ်ဆေးထိုးနှံတဲ့နေ့ပါ။ ကျွန်တော်တို့ ဒီတစ်သက်လုံးအမှတ်ရမှာပါ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အားနည်းတဲ့လူအုပ်စုတွေကို ကာကွယ်ဆေးရင်ထိုးပေးပါမယ်၊ပြီးရင် အားလုံးကို ကာကွယ်ဆေးထိုးပေးမှာဖြစ်ပါတယ်။ ခုခံအားရရှိပြီး ဒီဗိုင်းရပ်စ်ကို အနိုင်တိုက်နိုင်တော့မှာဖြစ်ပါတယ်”ဟု အီတလီဝန်ကြီးချုပ်Giuseppe Conteက ယင်းနေ့တွင် လူကွန်ရက်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

အိုမန်နိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Ahmed Mohammed Obaid Al Saidiက ပထမဆုံးကာကွယ်ဆေးထိုးနှံသူအဖြစ် ခံယူခဲ့သည်။ပထမအသုတ်ကာကွယ်ဆေး (၁၅,၆၀၀)ကို ဒီဇင်ဘာ ၂၄ ရက်တွင် မြို့တော်Muscatသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒုတိယအသုတ်ကာကွယ်ဆေး(၂၈,၀၀၀)သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း Saidiက ကာကွယ်ဆေးထိုးနှံမှုစတင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ ကာကွယ်ဆေးကို ၂၁ ရက်ခြား၍ နှစ်ကြိမ်ခွဲ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်ထပ်တိုးလူနာ (၂,၀၈၄)ဦး ရှိရာ စုစုပေါင်းအတည်ပြုလူနာ (၄)သိန်းကျော် (၄၀၀,၀၉၉)ဦး ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ယင်းနေ့မှာပင် တတိယအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာ လော့ခ်ဒေါင်း ထပ်မံချခဲ့ကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်အတည်ပြုလူနာ (၁)သန်းကျော် ရှိပြီဖြစ်ကြောင်း တောင်အာဖရိက ကျန်းမာရေးဝန်ကြီး Mkhize က ယင်းနေ့ညပိုင်းတွင် ပြောကြားခဲ့သည်။(Xinhua)

#COVID-19, #briefing, #Xinhua, #ကိုဗစ်-၁၉, #သတင်းအကျဉ်း, #ဆင်ဟွာ

—————————————–
(Chinese Version)

(国际疫情)全球疫情简报:加拿大发现两例变异新冠病毒病例 多国启动疫苗接种

  新华社北京12月28日电27日全球疫情简报:加拿大发现两例变异新冠病毒病例 多国启动疫苗接种
  (小标题)全球数据
  世界卫生组织:截至欧洲中部时间27日14时22分(北京时间21时22分),全球确诊病例较前一日增加434779例,达到79232555例;死亡病例增加7393例,达到1754493例。
  美国约翰斯•霍普金斯大学:截至北京时间28日7时22分,全球累计新冠确诊病例80721623例,累计死亡病例1763690例。美国是全球疫情最严重的国家,累计确诊病例19105859例,累计死亡病例333055例。
  (小标题)新闻事件
  加拿大安大略省政府26日晚发布消息说,该省发现两例变异新冠病毒病例。这两例病例是一对夫妇,家住安大略省首府多伦多附近的达勒姆地区。他们没有近期国外旅行史,也未发现与新冠感染者有过接触。
  德国27日正式启动新冠疫苗大规模接种,80岁以上老年人、养老和护理机构人员、一线医护人员等将优先接种。首批接种的疫苗由德国生物新技术公司和美国辉瑞制药有限公司合作研发。
  27日,西班牙一名居住在养老院的96岁老人成为该国首名新冠疫苗接种者。这位老人接受注射后表示自己没有不适感。西班牙政府表示,接下来每周都将把一定数量的疫苗公平分配给各大自治区,预计在未来12周内,全国将有近200万人接种新冠疫苗。
  3名医护人员27日成为意大利首批新冠疫苗接种者。意大利总理孔特当天在社交媒体上表示:“今天是疫苗接种日,我们将永远记住这一天。我们先给医护人员和最脆弱的人群接种,然后会给所有人接种。这将使人们获得免疫力并决定性地战胜这种病毒。”
  阿曼27日启动新冠疫苗接种,卫生大臣艾哈迈德•赛义迪成为该国首名接种者。赛义迪在疫苗接种启动仪式上表示,首批15600剂疫苗24日运抵首都马斯喀特,第二批28000剂疫苗将于2021年1月底前运抵阿曼。接种者需进行两次注射,间隔时间为21天。
  以色列卫生部27日公布的数据显示,该国当天新增确诊病例2084例,累计确诊逾40万例,达400099例。当天17时,以色列开始实施第三次全国范围“封城”措施。
  南非卫生部长兹韦利•穆凯兹27日晚说,该国累计确诊病例已超过100万例。(完)
图说1: 12月27日,在加拿大多伦多,一名戴口罩的男子来到一处新冠病毒检测中心。新华社发(邹峥摄)
图说2:12月27日,在加拿大多伦多一处新冠病毒检测中心外,人们戴着口罩排队等候检测。新华社发(邹峥摄)
图说3:12月27日,在加拿大多伦多,急救人员将一名患者送到医院救治。新华社发(邹峥摄)